unicode
" Jungkook!.. တော်တော့... လက်လွန်ကုန်လိမ့်မယ်!...."
အံတင်းတင်းကြိတ်ကာ အားကုန်သုံးထားသည့်လက်သီးတွေဟာ မင်းသားလေးကို စော်ကားမော်ကားပြောသည့်Alphaကောင်၏မျက်နှာထက် တစ်ချက်ပြီးတစ်ချက်..။ ဘေးလူတွေ ဝိုင်းဆွဲသည့်တိုင် ဒေါသကြီးလွန်းသည့်Jungkookမှာ တင်းခံထားပြီးတော့ပင် ထိုAlphaကို အကြိတ်အနယ်ထိုးနှက်နေတာဖြစ်သည်။
" ကိုကို!..."
Taehyungသည် ရန်ပွဲရှိရာဆီ အပြေးတပိုင်းလေး လှမ်းလိုက်ရင်း ခြေမကိုင်မိလက်မကိုင်မိနှင့် ရန်ပွဲဝင်တားသည့် Alphaတွေတရုန်းရုန်းကြောင့် Jungkookနားချဥ်းကပ်ရန်မလွယ်..။
" မင်းသားလေး... အန္တရာယ်များတယ်.. နောက်ဆုတ်နေပါ...."
Suhoဦးဆောင်သည့် သက်တော်စောင့်အဖွဲ့မှာ ရန်ပွဲကိုလှမ်းမြင်သည်နှင့် Taehyungအနား အပြေးအလွှား ဝိုင်းရံလာကြကာ ဘေးကင်းအောင်စောင့်ရှောက်မှုပြုသည်။
" ရန်ပွဲကို.. တားပေး!... Jungkook.. တစ်ခုခု မဖြစ်စေနဲ့..."
" ဟုတ်ကဲ့...."
Suhoသည် Betaပင်ဖြစ်လင့်ကစား တိုက်ခိုက်ရေးပညာရပ်တွင် ထူးချွန်သောကြောင့် Jungkookကို ဝင်ဆွဲကူပေးသည်။
ခေါင်းမာလှသည့်Jungkookမှာ တော်ရုံနှင့်ဆွဲခွာမရ..။ လူအများ အားကုန်သုံးမှ ထိုAlphaခန္ဓာကိုယ်ကနေ ကြွသွားရကာ ခြေထောက်နှင့် မှီရာမှီရာ လှမ်းကန်သေးသည်။
" ကိုကို!.. တော်ပါတော့...."
သွေးစများ စိမ့်ထွက်လာသည့်လက်ဆစ်ထိပ်တွေဟာ ဒေါသတရားကြောင့် တဆတ်ဆတ်တုန်ရီနေသေးကာ သူ့Omega၏သြရှရှ စိုးရိမ်တကြီးအသံလေးကြားမှ စိတ်ကိုလျှော့ချလိုက်ရသည်။
ထိုအခါမှ Jungkookကို အတင်းဖမ်းချုပ်ထားရသည့် Suhoနှင့်Eunwooတို့မှာလည်း သက်ပြင်းချနိုင်တော့သည်။
အသေအလဲအထိုးခံထားရသည့် Alphaကောင်ကတော့ ကြမ်းပြင်ထက်မှာ မျက်နှာကစုတ်ပြတ်သတ်နေကာ သွေးစများနှင့်မြင်မကောင်းရှုမကောင်း မြော့မြော့သာကျန်ရစ်သည်။
" အရေးပေါ်ကား... ခေါ်ရမယ်ထင်တယ်... အတော်လေး စုတ်ပြတ်သတ်သွားတာပဲ..."