Part (25)

7K 972 149
                                    

unicode

Taehyungသည် Jungkookထံကနေ မမျှော်လင့်ထားမိသည့် စကားစုတို့ကို နားဆင်လိုက်ရသည့်အခါ မိမိလက်ထဲကိုင်ဆောင်ထားသည့် ခက်ရင်းနှင့်ဓားလေးမှာ လွှတ်ကျသည်အထိ မှင်သက်သွားရ၏..။

Taehyungက ၁၆နှစ်တည်းက Jungkookကိုစတင်သဘောကျခဲ့ရပြီး နှစ်နှစ်ကျော်လုံးလုံး Jungkookကိုပဲ နှလုံးသားထဲအပြည့်ထည့်ထားကာ Taehyung၏စိတ်ကူးယဥ်အိပ်မက်တိုင်းက Jungkookနှင့်သာဖြစ်ခဲ့သည်။

Jungkook၏Mateဖြစ်ခွင့်ရပြီး Jungkookနှင့်သက်ဆုံးတိုင် နေထိုင်သွားချင်တာက တစ်ဖက်သတ် သူ့၏ကမ္ဘာလေးထဲတွင် အမြဲတမ်းမျှော်လင့်ပြီးတောင့်တခဲ့ရသည့်အရာ..။

ထိုစိတ်ကူးယဥ်အိပ်မက်လေးထဲ တစ်ဖက်သတ်အရူးရင့်နေခဲ့ရသည့်သူသည် အိပ်မက်လေးအကောင်အထည်ဖော်နိုင်ဖို့ရာ Jungkookထံကို သတ္တိရှိရှိနှင့် ခြေလမ်းတို့တိုးကပ်ပြီး မိမိ၏စိတ်ရင်းကိုဖွင့်ဟဖူးသည်။

" ဟင့်အင်း... ငြင်းပါတယ်...."

သို့ပေမယ့် အငြင်းပယ်ခံလိုက်ရသည့် သူ့၏ခံစားချက်...။

ထိုသို့အငြင်းပယ်ခံရမှုကြောင့် Taehyung၏စိတ်ကူးယဥ်အိပ်မက်လေးမှာ ကြွေလွှင့်ခဲ့ရဖူးသည်။

အခုတော့ဖြင့်.... Jungkookက သူ့ဘက်ကနေ Taehyungကိုဘဝတစ်လျှောက်လုံး အနားတွင်အတူရှိပေးနေရန် ဖွင့်ဟလာပေးသည်...။

လှိုက်ခနဲတက်လာသည့်မျက်ရည်စက ဝမ်းနည်းဝမ်းသာခံစားချက်ဖြင့်...။

" မင်းသားလေး... ဘာ...ဘာဖြစ်လို့လဲ...."

Taehyung၏မျက်ဝန်းလှလှဆီက မျက်ရည်စများဝေ့စီလာသည့်အခါ သူ့အရှေ့ကJungkookသည် အနည်းငယ်ထိတ်ပြာသွားသလို...။

Taehyungသည် Jungkookကိုငေးစိုက်ကြည့်ရင်းမှ အော်ငိုချင်မိသွားသော်လည်း ထိန်းချုပ်လိုက်ရရင်း သူ အဆင်ပြေကြောင်း ခေါင်းယမ်းပြမိလိုက်ကာ နှုတ်ခမ်းသားလေးကလည်း ရွှင်မြူးရိပ်လေးသန်းသည်။

" ဘာမှမဖြစ်ဘူး... ဒီအတိုင်း.. ပျော်လို့.... မင်းက ငါ့ကို Mateအဖြစ် လက်သင့်ခံလိုက်တာက... အရမ်းပျော်ဖို့ကောင်းလို့..."

အပြုံးရိပ်လေးနှင့်ဆိုနေသော်လည်း မျက်ဝန်းလှလှထဲက မျက်ရည်စများမှာ ပါးပြင်လေးထက် ပေါ​က်ခနဲလှိမ့်ဆင်းနေလျှင် Jungkookသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now