Part (33)

7.6K 932 217
                                    

unicode

!! Mature scene alert !!
.
.
.

Taehyungသည် သူ့အခန်းရှေ့က သူ့Alphaကို အကြောင်သားလေး မော်ကြည့်နေရင်းမှ မျှော်လင့်ချက်ရောင်ခြည်သန်းနေသော မျက်ဝန်းဝိုင်းဝိုင်းများကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ခေါင်းလေးမရဲတရဲညိတ်ပြမိလိုက်သည်။

" ဒါဆို.. ကိုကို... Tae Taeရဲ့အခန်းထဲဝင်မယ်နော်...."

" ဟုတ်....."

စိတ်လှုပ်ရှားမှုကြောင့်ထင် Taehyung၏သြရှရှအသံလေးမှာ အနည်းငယ်တုန်ရီနေသလို ပျားရည်ရောင်အဆင်းအသားအရေအရောင်လေးမှာလည်း အနီရောင်ပြေးလုလု..။

" ညအတော်နက်တော့... အိပ်သင့်ပြီထင်တယ်... ကိုကို ဘယ်ဘက်မှာအိပ်ရမလဲ... "

" ရ...ရတယ်.. ကိုကို အဆင်ပြေတဲ့ဘက်အိပ်လေ... Tae Taeက ရတယ်..."

" အင်း...."

ရေချိုးပြီစဖြစ်သည့် Omegaလေးသည် အနံ့ကပ်ပလာစတာလည်းမကပ်ထားသောကြောင့် ကြာပန်းရနံ့လေးမှာ လွှင့်ပျံ့နေလျက် ညအိပ်ဝတ်စုံအပါးအောက်က ပါးလှပ်လှပ်ခန္ဓာကိုယ်လေးကို လှုပ်ရှားမှုပြုလိုက်တိုင်း ရိုးတိုးရိပ်တိပ်မြင်နေရသည့်အခါ Jungkookသည် အာခေါင်ခြောက်ကပ်လာကာ မျက်နှာပြင်မှာလည်း ရဲတက်လာသည်။ သူ့အဖြူရောင်အသားရေက အနီရောင်ပြေးနေသော်လည်း တည်ငြိမ်သည့်ဟန်ပန်ကိုလုပ်ယူရင်း ကုတင်ထက်တွင် ဝင်ထိုင်လိုက်သည်။

" မွေ့ရာက... အိစက်နေတာပဲ.. အင်း... အိပ်လို့ကောင်းမယ့်ပုံပဲ..."

ရှက်ကိုးရှက်ကန်းနှင့် မွေ့ရာကိုစမ်းသပ်ဟန်ပြုနေသောJungkookကို Taehyungသည်လည်း ရဲရဲဝံ့ဝံ့မကြည့်ရဲဘဲ မျက်ဝန်းထောင့်လေးကနေသာ ခိုးကြည့်ရင်း အခန်းမီးကိုပိတ်ကာ ညအိပ်မီးအိမ်တစ်ခုသာထွန်းရင်း သူလည်းကုတင်ထက် တက်ထိုင်လိုက်ပေမယ့် မလဲအိပ်ရဲသေးဘဲ အနည်းငယ်ခပ်ခွာခွာထိုင်နေကာ စောင်ကိုခြုံရန်ဖြန့်ဟန်ပြုသည်။

" ကိုကို့ရဲ့ကုတင်ထက်.. ပိုကျယ်သားပဲ.... Tae Taeရဲ့ကုတင်က.."

" အေ... အော... ဗိုလ်ချုပ်တို့က.. အကျယ်ကြီး ထည့်ပေးထားတာ.. ကုတင်ကို... အာ... အကြီးကြီးပြောတာ..."

Royal: Omega's Love Story (Complete)Where stories live. Discover now