Part (34)

5.6K 836 151
                                    

unicode

ညတစ်ညလုံးနီးပါး ပင်ပန်းခဲ့ကြသည့် Jungkookနှင့်Taehyungသည် နောက်တစ်နေ့မနက်တွင်တော့ နေမြင့်သည်အထိ မထနိုင်ဘဲ စောင်ခြုံထည်အောက်တွင် အဝတ်အစားကင်းမဲ့နေသည့်ခန္ဓာကိုယ်နှစ်ခုဟာ နွေးထွေးစွာ ပွေ့ဖက်ထားသည်။

အခန်းတွင်း ကြိုင်လှိုင်နေသည့်pheromoneနှစ်ခုရောစပ်နေသည့်အနံ့လေးဟာ သူတို့၏ချည်နှောင်ထားမှုပြီးမြှောက်ကြောင်း သက်သေပင်။

" ဒေါက်... ဒေါက်.... "

အခန်းတံခါးခေါက်သံသဲ့သဲ့ကြောင့် အသိဝင်လာပါသည့်Jungkookသည် စူးရှသည့်အလင်းရောင်ကြောင့် မျက်ဝန်းတို့ကိုသေချာမဖွင့်ဟနိုင်..။

" အိပ်နေသေးတယ်ထင်တယ်...."

တံခါးခေါက်သည့်တိုင်အသံပြန်မလာသောအခန်းတွင်းကြောင့် ဗိုလ်ချုပ်ကတော်သည် ရေရေရွတ်ရွတ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။

Jungkookသည် မိမိရင်ခွင်ထဲက နုနုထွေးထွေးခန္ဓာကိုယ်လေးကြောင့် တယုတယနှင့်ပိုမိုထွေးပွေ့လိုက်သော်လည်း ပူကျစ်နေသည့်အထိအတွေ့ကြောင့် မျက်ဝန်းတွေကသေသေချာချာပွင့်လာသည်။

" Tae Tae...."

" အင်းမ်...."

ညတုန်းက ခန္ဓာကိုယ်ချင်းနှီးနောဆက်ဆံခံရမှုကြောင့်ရော glandကိုအကိုက်အခဲခံ၍ အမှတ်အသားပြုလုပ်ခံရမှုကြောင့်ရော Taehyungသည် ဖျားသွားခဲ့တာဖြစ်သည်။

သွားဆိပ်ကြောင့် နီရဲယောင်ယမ်းနေသည့်glandကို သတိပြုမိမှ Jungkookဟာ စိုးရိမ်စိတ်ပူမှုနှင့်အတူ ထိပ်ပြာသွားသည်။

အဝတ်အစားမဲ့နေသည့်Omega၏ ခန္ဓာကိုယ်လေးကို တယုတယကိုင်တွယ်ကာ Glandက ဒဏ်ရာကိုစစ်ဆေးရင်း ဆရာဝန်ပြရန်လိုအပ်ကြောင်းသိလိုက်ကာ အရင်ဆုံး Omegaလေး၏ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးပြီး ညအိပ်ဝတ်စုံအသစ်တစ်စုံလဲပေးရသည်။

အိပ်ရာခင်းထက်က အစွန်းအထင်းများနှင့် စွဲငြိနေသောအနံ့အသက်များကြောင့်လည်း အဖျားတက်နေသောOmegaလေးကို ဆိုဖာထက်အသာရွှေ့ပြောင်းကာ အိပ်ရာခင်းကိုလည်းအသစ်လဲရသည်။

ပြီးမှ သူကိုယ်တိုင်လည်း သန့်ရှင်းရေးပြုလုပ်ပြီး မနေ့ညကအားကစားဝတ်စုံပဲ ပြန်ကောက်စွပ်ရကာ အခန်းပြင်ကို အလျှင်စလို ထွက်လာခဲ့သည်။

Royal: Omega's Love Story (Complete)Where stories live. Discover now