Part 17 (U+Z)

511 16 7
                                    

Warning!
This scene is 18+!

"ဟင့်...ဦး..အောက်ကိုချပေး"

ရှိန်းဂုန်ရောင် လက်​ပေါ်မှာ အငြိမ်မနေဘဲ ခြေထောက်တွေလေပေါ်မြှောက်ပြီးကန်ကြောက်နေတဲ့ အကောင်ပေါက်လေးကို ချီကာ အခန်းထဲခေါ်လာလိုက်သည်။

"အောက်ချပေး....ဘာလို့အခန်းထဲခေါ်လာတာလဲ "

ရှိန်းဂုန်ရောင် ထိန်းထားသမျှဒေါသတွေကို ထိုကောင်လေးအပေါ် အကုန်သွန်ချမိတော့မည်။
အငြိမ်မနေတဲ့ကောင်လေးကို ကုတင်ပေါ်သို့အားကုန်ပစ်ချလိုက်သည်။

"အာ့"

"မင်းနဲ့ အဲ့ကောင်နဲ့ဘယ်လိုပတ်သက်နေတာလဲ မင်းဖြေ"

နွေဂန္ဓာဦး ဝမ်းနည်းနေတဲ့မျက်လုံးတွေနဲ့ ဦးကိုကြည့်လိုက်သည်။ ဦးရယ်...ဘယ်လိုတောင် နွေ့ ကိုထင်ရက် စွပ်စွဲရက်ရတာလဲဟင်။

" ဦးတောင် သေချာရှင်းမပြသေးတာပဲ....နွေ့လဲ ပြောပြစရာမလိုဘူးထင်တယ်"

နွေဂန္ဓာဦး တမင်ရွဲ့ပြောလိုက်တာဖြစ်သည်။ ဦးတောင်မယုံသေးတာပဲ နွေလည်းရှင်းပြစရာအကြောင်းမရှိဘူး။

"ဘာ!"

"မင်းသူ့ ကိုချစ်နေတာလားဟမ်...ပြောစမ်း"

"နွေ့ကို...အဲ့လိုလာမစွပ်စွဲနဲ့နော် ဦး...နွေမကြိုက်ဘူး.. ကိုမိုးထက်ကုဋေ ကိုလည်းအားနာပါအုံး "

မိုးထက်ကုဋေ လို့ကြားလိုက်တာနဲ့...ရှိန်းဂုန်ရောင် နထင်ကြောတွေ ထောင်တက်လာသည်။

"မင်း အကောင်ကိုမင်းကာပြောနေတယ်ပေါ့ ဟုတ်လား... ဟက်!. ...ဟိုကောင်ကဘာတွေများလုပ်လိုက်လို့...ခနလေးအတွင်းမှာ ဒီလောက်တမ်းတမ်းစွဲသွားရတာလဲ ဟမ်"

ဦး ပြောတာတွေနားထောင်ပြီး နွေဂန္ဓာဦး စိတ်ပျက်လာတာကြောင့် အခန်းထဲကထွက်သွားဖို့ပြင်လိုက်သည်။

"အဲ့တာ...ဘယ်လဲ"

ရှိန်းဂုန်ရောင် ပြောလိုက်ပေမယ့် အကောင်ပေါက်လေးက ဂရုမစိုက်သလိုနဲ့ တံခါးဆီသို့သာသွားနေသည်။

"လာစမ်း....ဒီကို"

ရှိန်းဂုန်ရောင် နွေဂန္ဓာဦးလက်ကိုအတင်းစောင့်စွဲလိုက်ပြီး လူကိုနံရံဘက်သို့ကပ်လိုက်သည်။

He's mine❤️✨ (Completed )Where stories live. Discover now