Part (7)

6.5K 867 35
                                    

unicode

Jungkook၏မျက်နှာသေကြီးနှင့် ဆိုလာသည့်စကားကြောင့် တော်ဝင်မင်းသားငယ်၏မျက်နှာမှာ ရေနွေးတည်လို့ရသည်အထိ ပူကျစ်တောက်သွားရသည်။

သေစမ်း! အရှက်ကွဲပြန်ပြီ..။

" စ...စတာ... အဟား... ငါက ဟာသပြောရတာ ဝါသနာပါတယ်လေ..."

ခြောက်ကပ်ကပ်ရယ်နေသည့်Taehyungမှာ အပူရှိန်ကြောင့် အငွေ့ပျံချင်နေကာ အခုအချိန်တွင် သူ့တွင်ဆန္ဒတစ်ခုသာရှိသည်။ ထိုဆန္ဒက ဌက်တစ်ကောင်အဖြစ်ကူးပြောင်းပြီး Jungkookအနားကနေ ပျံထွက်သွားခြင်း။

Taehyungက ရယ်ဟန်ပြုနေသလောက် Jeon Jungkookမှာ အားနာပါးနာဟန်နှင့်တောင် ကူရယ်ဟန်မပြုပေ။ သူ့အရှေ့မှောက်က ရေခဲမုန့်လေးကို ဇွန်းနှင့်ဟိုဆွဒီဆွလုပ်နေကာ စားလည်းမစား။

Jungkook၏အပြုအမူကို သတိပြုမိသွားသည့်Taehyungမှာ မျက်နှာပူတာလေးတောင် ချောင်ကပ်သွားချင်သည်။

" မင်းက.. စတော်ဘယ်ရီအရသာ မကြိုက်ဘူးလား...."

" အဲ့လိုတော့ မဟုတ်ပေမယ့်... ဝိတ်ထိန်းရမှာမို့.. "

Jungkook၏အဖြေက ထိုမျှသာဖြစ်သော်လည်း Jungkook၏Fan clubအဖွဲ့ဝင် Taehyungမှာတော့ ချက်ခြင်းသဘောပေါက်သွားရသည်။ Jungkookက ကာယမေဂျာအထူးပြုကျောင်းသားဖြစ်သူပီပီ အားကစားကို ဝါသနာထုံကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုလည်းအထူးဂရုစိုက်သည်။ Jungkookတွင် 8packsရှိသည်ဟု ကြားဖူးကာ ပုံထွက်လာခြင်းမရှိသောကြောင့် တွေ့တော့မတွေ့ဖူးသေး။

" ဆောရီး... ငါ မင်းကို အရင်မေးလိုက်ရမှာကို... ပေး... ပေး... ငါပဲစားလိုက်မယ်...."

Taehyungက Jungkookအရှေ့က ရေခဲမုန့်ခွက်လေးကိုဆွဲယူလိုက်သည့်အခါ Jungkook၏စူးစမ်းသလိုအကြည့်ကကျရောက်သည်။ သဘောက Taehyungက သူ့ရေခဲမုန့်ကိုတောင်ကုန်အောင်မစားနိုင်သေးဘဲ Jungkook၏ရေခဲမုန့်ကို ဘယ်လိုစားနိုင်မှာလည်းဆိုသည့်အကြည့်မျိုး။

" ငါ.. ကုန်တယ်... မကုန်ရင်လည်း သူများကိုကျွေးလို့ရတယ်..."

ပထမစကားကအမှန်ဖြစ်ပြီး ဒုတိယစကားကတော့ အယောင်ပြသာဖြစ်သည်။ Taehyungက သူကြိုက်သည့်မုန့်ဆိုလျှင် နှစ်ခုလောက်ကတော့အသာလေးပဲ။ သုံးလေးခုတောင်စားနိုင်သေးသည်။

Royal: Omega's Love Story (Complete)Where stories live. Discover now