Part.1

4.6K 351 14
                                    

ငွေနှင်းငယ်မှုန်

လေညင်းရယ် တသုန်သုန်နှင့်

ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့

မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့

သည်ခေတ်မှာ သည်လိုဟာဖြင့်

သည်ကိုယ်မှာ သေသေလုပါပေါ့

ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်

ဆောင်းရတုပွဲ။

(အချုပ်တန်းဆရာဖေ...ဆောင်းရတုပွဲ)

ဆောင်းဦးရနံ လေညှင်းသည်သင်းဖြဖြလှိုင်ဝေ၏။မြောက်ပြန်လေ လည်းတဖြူးဖြူး၊ သင်ဖြူးဖျာလေးပေါ်၊ထန်းရည်လေးတမူးမူးနဲ့ အ သဲကွဲနေတဲ့ ဖိုးထူးပါလေ။ ဒီနှစ်မိုးရာသီက ဖိုးထူးအတွက် အသဲကွဲမိုး၊ ရင်ထဲက မိုး၊ပိုးစိုးပက်စက်မိုး၊မျက်ရည်သွန်းမိုး...အိုး..စုံနေတာပါပဲ။ တစ်ကယ်... ကောင်းကျိုးမပေးတဲ့ မိုးပါဗျာ။

စဉ်းစားကြည့်...ငယ်ပေါင်းကြီးဖော် အစ်ကိုဝမ်းကွဲ ကိုဘီအေကြီးက ယောကျာ်းယူသွားတယ်။ နေပါစေ...ဒါအိမ်ထောင်ပြုဘုရားတည်ဖိုးထူး နားလည်ပေးနိုင်သေးတယ်။

အယ်...ဒါပေမဲ့..ချစ်ရပါသောမထားရီကလည်း၊မထားရီကလည်း ပေါ့နော်။တွေးရင်းငေးရင်းနဲ့ ဖိုးထူးရင်ဘတ်ကြီး အောင့်လိုက်တာ။ လက်တစ်ကမ်းအမှီကထန်းရည်အိုးကို တပြိုက်မော့ချလိုက်တာဂွပ်က နဲ။ရင်ဘတ်ထဲ ဒဏ်ရာကိုတူးဆွမိလိုက်သည်နှင့် ပြီးခဲ့တဲ့မိုးဥတုကို ပြန် ပြောင်းမအောင့်မေ့ပဲမနေနိုင်။

မြေရနံတွေသင်းသင်းဝေနေတဲ့မိုးဥတုရဲ့နေ့စွဲ တစ်ရက်မှာ မထားရီဘက်ကစ၊ဖိုးထူးကို တွေ့ဖို့ချိန်းခဲ့တယ်။မထားဆို တာကလည်း ဖိုးထူးလူပျိုပေါက်အရွယ်တည်းက ကျိတ်သဘောကျရ သူမို့လား။မေတ္တာရှိကြောင်းစာနဲ့တစ်မျိုး ၊ကိုယ်ဟန်မူရာနဲ့တစ်ဖုံး ပြသ သော်လည်း မမထားက ဟန်တစ်ခွဲသားနဲ့အမူပိုနေစဲ။

မထားရီကိုရည်းစားစာပေးရတာလည်းသိပ် စျေးကြီးသဗျ။ဖိုးထူးကိုယ်တိုင်ကစာဆိုသေစာ ရှင်စာလောက်ပဲရေးတတ်တာ။မထားရီကျ စာကို တောက်တောက့်မည်အောင်ဖတ်တတ်တယ်လေ။အဲ့တော့ မထားရီဆီဆက်သဖို့ချစ် သဝဏ်လွှာလေးများကို ၊ ကိုဂျွန်မိုးစက်ဆီဈေး ကြီးကြီးပေးပြီးအကူအညီတောင်းရပြန်ရော။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now