ရင်ငြိမ်းနှင့်ရည်စားဖြစ်ပြီးသကာလနေ့ရက်များသည် ထူးမော်
အတွက် ပျားရည်ပေါ်သကာဆန်းထားသည့်နှယ်၊ ချိုမြိန်ဖွယ်ရာနေ့ရက်များပင်။ ရင်ငြိမ်းရှိရာမြိုင်ထိ လိုက်လာမိခဲ့တဲ့ ဆုံးဖြတ်ချက်သည်ခပ်ကောင်းကောင်း။ ရင်ငြိမ်းလိုလူက သူ့အချစ်ကိုလက်ခံလိုက်သည်က ယုံနိုင်ဖွယ်ရာမရှိ။ ဝေဝေဝါးဝါးဆောင်းအိမ်မက် မက်နေခြင်းမျိုးလည်းမဟုတ်။ ရင်ငြိမ်းနဲ့သူ တစ်ကယ် ချစ်သူတွေ
ဖြစ်ပြီးမေတ္တာမျှနေကျသတဲ့လေ။ တစ်သက်နဲ့တစ်ကိုယ်
အချစ်အတွက် ကံမကောင်းဖူးတဲ့ အချစ်ရှုံးသမားကြီး ထူးမော်
မှာ ရင်ငြိမ်းကို ပိုင်ပိုင်နိုင်နိုင်ရလိုက်ပြီမို့၊ကိုယ့်ကိုကိုယ် ကံထူး
သူတစ်ဦးဟုထင်မြင်နေမိ၏။ နေပူ လေပူ အောက် ကုန်ပစ္စည်း
အထုပ်အထည်တွေထမ်းပိုးနေရလည်း ပင်ပန်းတယ်လို့မထင်မိ။
ညလေပြေအေးထဲ လမ်းလျှောက်နေရသူလိုပင် သက်သက်သာသာ
ရှိလှ၏။စိတ်ပျော်ကိုယ်ပျော်နေသဖြင့် သီချင်းလေးတကြော်
ကြော် အော်ဟစ်ဆိုနေတတ်သောအနှီတောသားကိုလူချောအား
၊အလုပ်အတူတူတွဲလုပ်နေသောအခြားလူတွေကတောင် အံသြ
ယူကျရသည်။ငြိမ်းနဲ့သူ အမြဲတစေ မတွေ့နိုင်ပေမဲ့ ခဏတဖြုတ်တော့ငြိမ်းအိမ်
ကိုဝင်ထွက်သွားလာနိုင်ခွင့်ရှိသည်။ငြိမ်း မိဘ အမျိုးတွေက
မကြည်ဖြူချင်။သို့ပေသိ ငြိမ်းလက်ခံတွေ့ဆုံရင်ကိုရပြီ။သူဆိုတဲ့
ကောင်ကလည်း ငြိမ်းမျက်နှာတစ်ကမ္ဘာထင်နေသ၍ တော့
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှဂရုစိုက်မည်မဟုတ်။ မြိုင်မြို့
မစျေးထဲရှိပွဲရုံတွေက ညနေ လေးနာရီခွဲဆိုရင်ပိတ်ပြီ။ အဲ့ကနေ..
အလုပ်သမားတွေစုနေရာတန်းလျှားကိုပြန်၊ရေမိုးချိုး အဝတ်အစား
လဲ ပြီးသည်နှင့်တွေ့ကရာစက်ဘီးတစ်စီးကို ဆွဲယူကာ...ဝံသာနု
စာအုပ်ဆိုင်ဘက်သို့နင်းလာခဲ့သည်။စာအုပ်အရောင်းဆိုင်လို့သာပြောရတယ်...သိပ်ပြီးစာအုပ်များများ
စားစားရယ်မရှိ။ စာအုပ်ဟောင်းတွေရယ်၊ လစဥ်ထုတ်မဂ္ဂဇင်း၊
သတင်းစာအဟောင်းတွေနဲ့ချူချူချာချာသာ။ပိုင်ရှင် ကိုစံဘက
တစ်လတစ်ခါသာ မြို့တက်ပြီး စာအုပ်အဟောင်းတွေသွားဝယ်
စုဆောင်းတတ်သည်။ စာအုပ်ကိုအကြောင်းပြုပြီးရင်ငြိမ်းဆီ
ရောက်ရောက်ဖြစ်နေသည်ကြောင့် စာအုပ်ပိုင်ရှင်ကိုစံဘနဲ့လည်း
ရင်းနှီနေပြီ။ဒီတစ်ခေါက်ကိုစံဘ မြို့တက်စာအုပ်သွားဝယ်တော့
လမ်းကြုံ ဒီလထုတ် သွေးသောက်မဂ္ဂဇင်းတစ်အုပ် ငြိမ်းဖတ်
ဖို့မှာလိုက်မိသည်။ တစ်လ လုံးကုန်ထမ်းလို့ရတဲ့လခမှ ငါးဆယ်
မပြည့်။ မဂ္ဂဇင်းတစ်အုပ် တစ်ဆယ်ပေးဝယ်ဖို့ သူမနှမြောမိပါလေ။ငြိမ်း လိုချင်တာ၊ဖြစ်ချင်တာလေးတွေကို တတ်နိုင်သမျှဖြည့်
ဆည်းပေးနိုင်ရင်ပဲ ကျေနပ်နေပါပြီ။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)