part.14

345 57 4
                                    

ဖုန်လုံးသဲမှုန်ထုကြီးကြား ညောင်ပင်တန်းရွာလေးက ကျန်နေ
ရစ်ပြီ။ ထနောင်ပင်တန်းနဲ့ခင်တန်းပျိုတွေကျန်နေရစ်ပြီ။ လွမ်း
စေတီနှင့်သနားစရာမြသန္တာလည်းကျန်နေရစ်ပြီ။ နောက်ပြီး ရင်ငြိမ်းရဲ့နှလုံးသားသည်လည်း ညောင်ပင်တန်းရွာရှိတစ်ယောက်
သောသူတွင်ကျန်နေရစ်ခဲ့ပြီ။
အခုမြိုင်သွားမဲ့ကားပေါ်ပါလာခဲ့သည်ကားရင်ငြိမ်းဆိုတဲ့ငါပဲ
သမုတ်အခွံသက်သက်ကြီးသာ။ရင်ငြိမ်းသည်ကားကူရှင်ပေါ်ခေါင်းမှီရင်း ငြိမ်သက်စွာလိုက်ပါလာခဲ့သည်။ တရိပ်ရိပ်ပြေးနေတဲ့ကားကြောင့် ပတ်ဝန်းကျင်ရူခင်းတွေသည်နီးလာလိုက်၊ဝေးသွားလိုက်နဲ့။ လယ်ကွင်းတွေ၊မှိုင်းညို့ညို့တောင်တန်းကြီးတွေကို တစ်မျှော်တစ်ခေါ်မြင်နေရလည်း..ထို သဘာဝတရာကြီးအလှအားစာမဖွဲ့နိုင်။ ရင်ငြိမ်းရင်တွင်ပူနေ၏။ချစ်သူနဲ့ကွေကွင်းခြင်းဆိုတဲ့ ပရိဝေဒသောကမီးက တအုံအုံနဲ့။ ထကြွသောင်းကျန်းလျက်ရှိသော အရိုင်းစိတ်တို့ကိုချွန်းအုပ်ဖို့ခက်လှသည်။ မုန်းလှပါချည်ရဲ့ဆိုတဲ့စစ်ကိုမရှောင်တိမ်းနိုင်ခဲ့သလို၊ကြောက်လှပါသည်ဆိုတဲ့ အချစ်ကို
လည်းမလွန်ဆန်နိုင်။

"ရင်ငြိမ်း..."

ကားမောင်းနေတဲ့ တင်မောင်ထွန်းဆီကစကားသံထွက်လာခဲ့သည်။

"အဲ့ရွာက ဂျွန်မိုးစက်ရွာမှန်း မနေ့တစ်နေ့ကမှသိတာ ယောက်ဖရေ။သူမြိုင်စာတိုက်ကိုလာတော့ ငါတို့နဲ့တန်တိုးတယ်လေကွာ။
အဲ့မှာပဲ စကားစပ်မိရင်း မင်းဆီစာရေးထည့်ပေးလိုက်တာ။ ဒီ
ကောင်ကြီးအိမ်ထောင်တွေဘာတွေကျသွားပြီတဲ့။မင်းမမနွယ်
အလောတကြီးလုပ်နေတာနဲ့သူ့ကို့တောင်ဝင်မနှုတ်ဆက်လိုက်ရဘူး"

"မင်းနှုတ်ဆက်လည်းသူကအားချင်မှအားမှာကိုး။အိမ်မှာရှိနေ
ဦးမှကိုး။ ကိုဂျွန်မိုးစက်ကတစ်ကယ်တော်ပါပေတယ်။ကျောင်း
မှာလည်း *အ သုံးလုံး*ပညာသင်ကြားရေးအစီအစဥ် ကန်ပိန်း
တွေလိုက်လုပ်သလို၊အခုလို ဘွဲ့ရပြီးတော့လည်းရွာကျောင်းဆရာ
လေးလုပ်။ ဝါသနာနဲ့အလုပ် ထပ်တူကျတော့ သူ့ဘဝလေးက
ပျော်စရာသိပ်ကောင်းဗျာ"

ရင်ငြိမ်းချီးကျူးသည်ကို တင်မောင်ထွန်းကနှာခေါင်းရှုံ၏။မမနွယ်
ကလည်း မကျေနပ်။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now