Part.11

427 65 10
                                    

သရက်ကုန်းမှပြန်လာပြီးသည့်နောက်ပိုင်းရက်များတွင်ရင်ငြိမ်း
မှာ ဒုတိယမြသန္တာဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်။ ကိုထူးမော်သည်
သူ့ကိုလာမတွေ့တော့။ လာမတွေ့ဟုဆိုတာထက်တမင်ပုန်းရှောင်
နေသည်ဟု ရင်ငြိမ်းထင်မိသည်။ မတော် တိုက်တိုက်ဆိုင်ဆိုင်
လမ်းမှာတွေ့ခဲ့ပြန်ရင်လည်း အလ္လာပသလ္လာပ စကားများကိုဝတ်
ကျေတန်းကျေပြုမူပြောဆိုပြီးရှောင်ရှောင်ထွက်သွားတတ်သည်။
ရင်ငြိမ်းသည်က သခင်အစွန့်ပစ်ခံလိုက်ရတဲ့ခွေးပေါက်လေးပမာ။
အမြှီးလေးနန့် သနားစဖွယ်အကြည့်နဲ့ခယပါသော်လည်း၊ ကိုဖိုး
ထူး စိမ်းကားသည်မကစိမ်းကားလွန်းနေခဲ့သည်။ ဧည့်သည်ဖြစ်
ပြန်တော့ ရင်ငြိမ်းဘဝကစိတ်သွားတိုင်းကိုယ်ပါလို့မရ။ကိုဖိုးထူး
နဲ့ အရင်လို အေးအေးဆေးဆေးတွေ့ပြီးနှစ်ယောက်တည်းစကား
တွေပြောနိုင်ဖို့ ဘယ်သူ့အပူကပ်ရမှန်းမသိ။ ဘယ်ဝါ့လူလွှတ်ပြီး
အခေါ်တောင်ပင့်ရမလဲမသိ။ ရင်ငြိမ်းသည်ဤသို့ဆောက်တည်ရာမရဖြစ်နေသော ကိုယ့်ကိုကိုယ်လည်းအပြစ်တင်မိသည်။ အချစ်ဆိုတဲ့အရာနဲ့ ခပ်ကင်းကင်းနေခဲ့ပါလျှက်၊ ကိုယ်တိုင်လွမ်းဆွေးရမည့်ဝေဒနါကို ကြောက်သည်ကြောင့် အချစ်ဝတ္ထုပင်မရေးခဲ့။အချစ်သည် နှစ်ဦးကြားကာလရှည်ကြာစွာဆောက်ယူမှရမည့်အဆောက်အအုံတစ်ခုလို့ရင်ငြိမ်းထင်ဖူးသည်။ တစ်ယောက်ဘဝထဲ၊တစ်ယောက်နှလုံးသားထဲ တစ်ယောက်ဝင်ရောက်နိုင်ဖို့အတွက်နည်းပရိယာယ်ပေါင်းများစွာသုံးရလိမ့်မည်ဟု လည်း ရင်ငြိမ်းတွေးဖူးသည်။ ကိုဖိုးထူး သူ့ဘဝထဲ ၊နှလုံးသား
ထဲရောက်လာပုံက အလွန့်ကိုရိုးလှသည်။ ထိုရိုးရိုးရင်းရင်း
လူကိုပဲ ရိုးရိုးသားသားရင်ငြိမ်းစိတ်ဝင်စားခဲ့၏။

လူတစ်ယောက်ကို ချစ်ဖို့အချိန်တစ်စက္ကန့်ပဲလိုတာပါတဲ့လေ။ ရင်ငြိမ်းနဲ့ကိုဖိုးထူး ဆုံခဲ့ကြုံခဲ့ပျော်ခဲ့တဲ့အချိန်တွေက တစ်စက္ကန့်မှမကတာ။ ဘယ်မိနစ်ရဲ့ဘယ်စက္ကန့်အပိုင်းအခြားလေးမှာ ရင်ငြိမ်း ကိုဖိုးထူးအပေါ်စိတ်ယိုင်သွားပါလိမ့်။

ရင်ငြိမ်းရှေ့စားပွဲပေါ်စာအုပ်တစ်အုပ်ပိုးလို့ပက်လက်လန်လို့..
အချစ်ဆိုတဲ့စာလုံးနှစ်လုံးအား စာမျက်နှာထက်ချရေးထားရုံ
မှအပ ဘာတစ်လုံးမှရှေ့ဆက်မရေးနိုင်ခဲ့ပါပေ။ အခုနေရေး
လည်း အလွမ်းအဆွေး အဓိပ္ပါယ်ဆောင်သောစကားလုံး
တွေမှလွဲဘာမှထွက်လာမည်မဟုတ်။ ရင်ငြိမ်းရင်ထဲ အချစ်ကို
ပစ်သွင်းသွားသောပုရိသ သည် အခုတော့သူနှင့်မဆိုင်သည်နှယ်
ခပ်တန့်တန့်ရှောင်ဖယ်နေသည်။ ခံစားချက်တွေပေါက်ဖွားမှ
ဝေးကွားခြင်းဖြင့် အေးခဲစေပြန်သည်။ သမုဒယသစ္စာကို
အချစ်ဝိဘက် ဖက်မိတဲ့လူတိုင်းသည်ဤသို့သောစိတ်မချမ်းမသာ
ဖြစ်ခြင်းအကျိုးကိုခံစားရပါလေသည်။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now