ညသည်ဆုတ်ယုတ်ခြင်းအလားပိန်းပိန်းထူအောင်မှောင်နေ၏။
လ မဆိုထားနဲ့ ကြယ်ပင်မထွက်။ ညှင်းသွဲ့သွဲ့လေသည်လည်း
တစ်ချက်လေးတောင်မတိုက်။ ပူပြင်းလိုက်ပါဘိသနှယ်...အတွင်း
ပူ၊အပြင်ပူ ပူပင်သောကအလုံးစုံသည် တောင်ကြီးသဖွယ်ထူးမော်
တစ်ကိုယ်လုံးကိုဖိစီးထားသည်။ လေးလံသောနှလုံးသားနဲ့
ဦးလေး အဒေါ်တွေရှေ့ အပူရုပ်ကိုမပူရုပ်ဖြစ် ဟန်ဆောင်ရယ်ပြနိုင်ခြင်းမစွမ်းသာသောဌာ ၊တစ်ယောက်တည်းသာအပြင်သို့ခေါင်းငိုက်စိုက်ထွက်လာပါတော့သည်။ခပ်မှောင်မှောင်ရွာလမ်းလေးအတိုင်း ခြေဦးတည့်ရာလျှောက်သွား
နေမိသည်။လူသံ၊ခွေးသံ၊လေတိုးသံ၊ပုစဥ်းအော်မြည်သံပင်မကြားရလောက်အောင်တိတ်ဆိတ်လွန်းသည့်ညက အသေကောင်လိုပင်။ အသက်မဲ့နေ၏။ ဆိတ်သုန်းပျက်စီးနေ၏။ ရှင်သန်ခြင်းလတ်ဆတ်ခြင်းများပျောက်ဆုံးနေပြန်သည်။ထူးမော်ရဲ့လက်ရှိပစ္စုန်ပန်သည်လည်း ညနှင့်မခြား။
အလင်းရောင်မဲ့ အမှောင်မိုက်ဆုံး၊ အသက်မဲ့ဆုံး လမိုက်ညသာဖြစ်
နေခဲ့သည်။ဝင်သက်တစ်ချက်ရူသွင်းတိုင်း မမာတော့သည့်နှလုံးသားကြောင့်ထွက်သက်ပင်ပြန်အံမထုတ်နိုင်။ လေးလံသော
ခြေလှမ်းတွေနဲ့ထနောင်ပင်တန်း မှိုင်းမှိုင်းအုံ့အုံ မဲမဲရိပ်တွေကြား
ဝိဥာဏ်မဲ့သူလိုလျှောက်သွားနေမိသည်။ရွာဘေးဘက်အိမ်တန်း
တွေဆီမှ ဖယောင်းတိုင်မီးများ၊ဒီဇယ်မီးအိမ်များဟိုတစ်ကွက်၊
ဒီတစ်ကွက် လင်းနေကျတာတောင် ညအမှောင်ကိုအံမတုနိုင်။
အမှောင်ထုသည်လောကတစ်ခွင်လွှမ်းခြုံရစ်သိုင်းရင်းသူမည်မျှစွမ်းအားကြီးကြောင်းဖော်ထုတ်ပြသနေပြန်သည်။အမှောင်မိုက်ဆုံး
အချိန်တွေကျော်ပြီးရင်တော့တစ်ဖန်နေရောင်ဖျိုးဖျ စိမ်းလန်း
ဝေဆာတဲ့နံနက်ခင်းအာရုဏ်ဦးရောက်လာပေဦးမည်။
ညနဲ့နေ့ တစ်ဖက်ဆီ၌ ကွဲပြားခြားနားသလို၊သူ့နဲရင်ငြိမ်းကြား ဘဝအဆင့်အတန်းသည်လည်ကောင်း၊ ပညာသည်လည်ကောင်း၊
နေထိုင်ရှင်သန်ရာပတ်ဝန်းကျင်သည်လည်ကောင်းကွဲ ပြားခြား
နားလွန်းလှသည်။အလင်းရောင်ထဲအသက်ရှင်နေသူကိုမှောင်
မိုက်နေတဲ့ဘဝထဲ ဘယ်သူဆွဲသွင်းရက်ပါ့မလဲ။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)