သာမာန်နေ့များနဲ့မတူ ဝေလီဝေလင်းနှင်းမကွဲတကွဲအချိန် ရင်ငြိမ်းစောစီးစွာအိပ်ယာထ၏။ ဆောင်လေးအေးသည်မြောက်ပြန်
လေနဲ့အတူ အခန်းထဲ ဒရောသောပါး ပြေးဝင်ကာရင်ငြိမ်းကိုယ်
သေးသေးလေးကိုဖြတ်တိုက်သွား၏။ကျောထဲအေးကနဲစိမ့်ကနဲ..
ဖြစ်သွား၍ စောင်ပြန်ခြုံကာ အိပ်ယာထက်ခွေခွေလေးပြန်ကွေး
ချင်မိသည်။ သို့သော် မကွေးအားပါ။ ဒီနေ့မနက် မောင် အလုပ်
လုပ်ရာ ကြယ်နီပွဲရုံသို့မရောက်ရောက်အောင်သွားမယ်လို့စိတ်ဆုံး
ဖြတ်ထားပြီးသား။ မောင်သာ လင်းလင်းထင်းထင်းကြီးရင်ငြိမ်းကို
တွေ့ရင်ဘယ်လိုနေလိမ့်မလဲနော်။ တသိမ့်သိမ့်ခုန်နေသောရင်ဖြင့်
အိပ်ယာမှထကာ ရေချိုးခန်းဝင်သည်။ ဆောင်းတွင်းဘက်ဝင်သ
ဖြင့်ချိုးရမည့်ရေကရေခဲရေတမျှသာ။ အချစ်ရူးလေးရင်ငြိမ်းသည်
ထိုအေးစက်စက်ရေကိုမမူ့တဲ့အပြင်ခေါင်းတောင်လျှော်လိုက်သေး။
အကျိုးဆက်အနေဖြင့် ချမ်းတုန်ကာမေးရိုးတွေပင် တဂိုက်ဂိုက်ရိုက်ကုန်တော့သည်။ ရေမိုးချိုး ပြီးသည်နှင့်အဝတ်အစားအမြန်
လဲသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်သည်။နံသာရောင်တီ
ရှပ် က ရင်ငြိမ်းရဲ့ဖြူဖွေးနုသောအသားအရေကို ငြိမ်သွားအောင်
ထိန်းပေးနိုင်သည်။ ဝင်းမွတ်သောလက်သွယ်သွယ်တွင်မောင်းကွင်း
လက်စွပ်တစ်ကွင်းသာ မဖြစ်မနေဝတ်ဆင်ထားရ၏။ နို့မို့ဆို...
မေကြီးတို့က မျိုးဂုဏ်ရိုးဂုဏ်မှမထောက်သူတို့အရှက်ကိုခွဲရ
လေခြင်း၊ဂုဏ်ငယ်အောင် လုပ်လိမ့်လေခြင်းဆိုပြီး ရင်ငြိမ်းကို
စွပ်စွဲပါလိမ့်မည်။ မမနွယ်ကမူ မိန်းကလေးမို့တူသည်၊ရွှေငွေ
လက်ဝတ်လက်စားဝတ်ရစုရသည်ကိုသဘောကျ၏။ ရွှေနဲ့ပတ်
သတ်သောလက်ဝတ်လက်စားတွေအပြင်အင်္ကျီကိုရွှေကြယ်သီး
တပ်ဝတ်၏။ အောက်ခံဘော်လီပေါ် ရွှေကြိုးဆိုင်းဝတ်၏။..
သြော်...ပစ္စည်းရှိလူတန်းစားတွေများ ခံစားစံစားခွင့်ကောင်းပါ
သတဲ့ကွယ်။ကိုယ်လုံးပေါ်မှန်ရှေ့ ကိုယ့်ရုပ်သွင်ကိုယ်ငေးစိုက်ကြည့်ရင်းအတွေး
တွေကတောင်ရောက်မြောက်ရောက်။ ပြစ်ချက်မရှိသန့်ရှင်းရည်
မွန်အောင်ပြင်ဆင်ပြီးနောက်၊ရင်ငြိမ်းသည်ခြေကိုတိုးဖွဖွနင်းကာ
အောက်ထပ်သို့ဆင်းလာပါတော့သည်။ ကံဆိုးစွာပင်...လှေကားအောက်ထစ်လည်းရောက်ရော၊မီးဖိုခန်းကနေ မနက်စာစီမံပြီးပြန်လာတဲ့မေကြီးနဲ့တန်းတိုးပါလေရော။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)