Part.7

537 81 17
                                    

လသာသာကောင်းကင်ယံထက် ကြယ်လေးတွေ ဟိုပျောက်ကြား
၊ဒီပျောက်ကြား ။ မသိရင် အနက်ရောင်ကတ္တီပါကော်ဇောထက်
တလဲ့လဲ့တောက်ပနေသောစိန်ပွင့်လေးတွေလို။အခုရက်ပိုင်း
အတွင်း ပင်လယ်အော်ဘက်ကနေမုန်တိုင်းဝင်မည်မို့ ၊ မိုးတော့
ကောင်းသား။ မိုးနဲ့လေရောကာတဟူးဟူးတိုက်နေသည်ကြောင့်
ဒေါ်မိုးအနွေးထည်ကို ခါးကပင်မချရ တင်းတင်းစေ့ဝတ်ထားရ
သည်။ရာသီ အဖျားရောဂါဖြစ်မှာလည်းကြောက်သည်မို့ရေနွေးကြမ်းပူပူလေးသောက်ကာရေဒီယိုလေးနားထောင်နေခိုက် *အမေ...*ဆိုတဲ့အသံကြီးအောက်ထပ်ကနေပြန့်လာပါတောသည်။

"အေး...တက်ခဲ့လေ သား"

ဒေါ်မိုးအသံပင်မဆုံးလိုက် သားတော်မောင်မှာသူ့အရှေ့ရောက်
နှင့်ပြီ။လက်ထဲမှာလည်းဟင်းအုပ်လေးတစ်ခုကိုင်လို့။

"ညရောက်နေပြီ လမ်းသလားကောင်းတုန်းလား၊ဒါ့နဲ့ ဝင့်ထယ်
ရော၊ငါ့သားမက်ရောပါမလား ပါလား"

ချွေးမ ဆိုတဲ့စကားသုံးမရသည့်တိုင် အမေသည်ထယ့်အပေါ်ကို
တော့ ယောက္ခမတာဝန်ကျေပွန်ရှာသည်။ ဘယ်တော့မှစိမ်းစိမ်း
ကားကားမဆက်ဆံ။ ဂျွန်မိုးစက်တို့ရဲ့အိမ်ထောင်ရေးပေါ်ကိုလည်း
ဝင်ရောက်နှောင့်ယှက်ခြင်းမရှိ။ပေးစရာရှိပေးလိုက်တာပဲ၊ကျွေး
စရာရှိကျေးလိုက်တာပဲ။ လူဘဝတစ်လျှောက် မဖြစ်ချင်တာတွေ
ဖြစ်ခဲ့ရသော်လည်း၊ ဖြစ်လာသမျှကိုတော့ အကောင်းဆုံးဖြစ်
အောင်ကြိုးစားနေတတ်သည်။ အမေ့မေတ္တာ၊စေတနာနဲ့နားလည်
ခွင့်လွှတ်မူ့တွေကို ဂျွန်မိုးစက်ခံစားမိလေလေ၊အမေ့အပေါ်ပိုချစ်
ခင်လာလေပါပဲ။

"အမေ့သားမက် သူ့အမေဆီအလည်ဝင်နေလို့ သားချန်ထားခဲ့ရ
တယ်။ ဝင့်ထယ်မပါပေမဲ့ ဝင့်ထယ်သုပ်ပေးလိုက်တဲ့ မန်ကျည်း
ရွက်သုပ်လေးတော့ပါပါ့ဗျာ။ဖေဖေ နဲ့မေမေ ထမင်းမစားရသေး
ဘူးမလား၊သားတစ်ခါတည်းလုပ်ပေးမယ်"

"အော်..ဟဲ့လူလေး...နေပါစေ၊ ညွန့်ရီတို့ကိုပဲထမင်းပြင်ခိုင်းလိုက်
မယ်"

"ရပါတယ်ဆိုဗျာ...."

ဂျွန်မိုးစက်သည်ပေါ့ပေါ့ပါးပါးပင်နောက်ဖေးမီးဖိုဆောင်ဘက်ကူးလာခဲ့၏။ အရီလေးညွန့်ရီမှာလည်း မီးဖိုးချောင်ထဲဘွားကနဲ
ပေါ်လာတဲ့ဂျွန်မိုးစက်ကို​မြင်တော့လန့်သွားကာအာမေဋိတ်အသံ
ပင်ထွက်လာခဲ့သည်။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now