Part.2

2K 194 15
                                    


ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဆိုတဲ့စကားနဲ့အညီ ရွာ သဲချောင်းလေးသည်ရေတွေအပြည့်။ ဒီလို အချိန်မိုးဥတုဆို ဇာတ်၊ပွဲလမ်းသဘင်လည်းအရမ်း ရှားပ။ရွာလယ်ကွင်းတွေတိုင်းရေတဖွေးဖွေး၊ မြက်သင်းနံတွေလှိိုင်လှိိုင်
ဝေ။နယုန်လ မိုးစပါးစိုက်ချိန်ဆို ဖိုးထူးတို့တောင်သူလယ်သမားတွေခါး
ချိရော။ ချောင်းတွေမြောင်းတွေထဲ ဖားရိုက်ငါးရှာ တဲ့သူတွေ ခပ်များများ
။ တစ်ညလုံး အိပ်ရေးပျက်ခံ၊ရေနံမီးထိုး ဖားရိုက်ငါးရိုက် အကောင်
ပလောင်ရှာ။ဟော... မိုးလည်းလင်းရော အဲ့အကောင်ပလောင်တွေ
အားလုံးထန်းရည်ဆိုင်ရောက်ပါလေရော။

ထန်းရည်ဆိုင်ရောက်သည်နှင့်ကိုဖိုးရင် မိန်းမ သိန်းမေက
ကြော်စရာရှိတာကြော်၊ ဖုတ်စရာဖုတ် နဲ့ အတို့အမြည်းလေးလုပ်။
ညောင်ပင်တန်းရွာမှာလည်းရွေးချယ်စရာထန်းရည်ဆိုင်သိပ်များများ
စားစားမှမရှိတာ။ဖိုးထူးတို့လူပျိုတစ်သိုက်ကတော့အိမ်အလုပ်အလုပ် ပြီးသည်နှင့်ထန်းရည်ဆိုင်သို့မောင်းတင် ပြေးတော့တာပါပဲ။
အခု ဖိုးထူးအသက်နှစ်ဆယ်...ရည်း စားထားဖို့နေနေသာသာ မူးလိုပင်ရှုစရာမရှိ။ ကိုကြီးတို့လင်လင်တွေ၊ရွာထဲက အခြားအတွဲတွေမြင်တိုင်း
ဖိုးထူးကျိတ်အားကျမိ၏။ကိုယ်လည်းလူပဲလေ....အနည်းအများတော့ အချစ်ဆိုတဲ့အရာကိုထိတွေ့ခံစားဖူးချင်သည်။ သို့သော် ထိုအချစ်ဆိုတဲ့
ဝ၌ဒုက္ခက ဖိုးထူးနဲ့နဖူးတွေ့ဒူးတွေ့ဆုံဖို့ကံပါမလာသလိုပင်။ဘယ်ဘဝအကုသိုလ် အကျိုးပေးလဲ မသိပါဘူး။ သူကြိုက်မယ်လို့ ချိန်လိုက် အဲ့အပျို ရည်းစားရသွားလိုက်၊စကားလေးသရိုးသရီ သွားပြောမိလိုက်သိပ်မကြာလင်နောက်တန်းလိုက် တော့တာပဲ။ဒါနဲ့ ရွာထဲ မစွံတာဆိုလို့ ဖိုးထူး နဲ့ရွာကာလသားခေါင်း ကိုအံမော်ပဲရှိတော့တယ်။ နောက်ပြီးလူဂွစာလူပျိုကြီး ဦးထွန်းလူ။ကိုအံမော်နဲ့ဦးထွန်းလူက အိုကြီးအိုမတွေမို့ထား
လိုက်ပါဦး။ဖိုးထူးက ငယ်ငယ်ရွယ်​ရွယ်ချောချောမောမောလေး။
မျိုးရိုးကိုပဲ ကြည့်ဦးမလား ကုန်သည်သူကြွယ်တွေ၊အစ်ကိုလုပ်သူဂျွန်
မိုးစက်ကလည်းစာတတ်ပညာတတ်။ညောင်ပင်တန်းရွာ တစ်လျှောက်
လယ်ကွက်တွေအားလုံးလက်ညိူးထိုးလိုက်။အားလုံးဖိုးထူးတို့အမျိုးတွေ
အပိုင်။ဒါတောင် မြိုင်မြို့က ပွဲရုံတွေမပါသေးဘူး။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now