Part.4

905 116 14
                                    

အခုရက်ပိုင်းအတွင်းအိမ်ကိုအမြဲတမ်းလှမ်းလှမ်းကြည့်တတ်တဲ့
ဦးထွန်းလူပေါ်ဒေါ်မိုးမသင်္ကါ။ကိုယ့်ကြည့်တယ်ပြောရအောင်
လည်း လင်ကြီးငုတ်တုပ်။ မျက်စိအစာကျွေးတယ်လို့ထင်ရ
အောင်သမီးပျိုကညာမရှိ။မကြည့်ရမနေနိုင်လောက်အောင်
ထွန်းလူ အာရုံကိုဘယ်အရာကဆွဲဆောင်ထားပါလိမ့်။
ဒေါ်မိုးတစ်ယောက်တွေးရင်းတွေးရင်း အကြောင်းအရာအရင်း
အမြစ်ကိုစဥ်းစားမတတ်ဖြစ်လာပါတော့တယ်။

ထို့သို့ အတွေးကမ္ဘာထဲယောင်လည်လည်မျောနေခိုက်၊
ခြေထောက်ကိုတစ်ယောက်ယောက်တက်နင်းသွားတယ်။
ကြည့်လိုက်တော့ရှို့တို့ရှန်းတမ်းနဲ့အမောင်ဖိုးထူး။

"အရီး..ကန်တော့နော် ကန်တော့"

"​ခြေထောက်တွေသိပ်မကောင်းရတဲ့ထဲ နင်ကပါအပိုဆောင်း
တက်နင်းလိုက်သေးတယ်..တကတဲ ဖိုးထူးရယ်။ငါဆဲ မကောင်း
ရှိရော့မယ်၊နင်နဲ့ငါအမျိုးတော်လို့သက်သာသွားတယ်မှတ်"

ဒေါ်မိုး မကျေမချမ်း  ကျိမ်းသည်ကို၊ဖိုးထူးလက်အုပ်လေးတချီချီနဲ့သာ။

"အရီးက လည်း ကျုပ်တမင်ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ။
ဒီတိုင်းမတော်တဆ ဖြစ်သွားရတာကိုး"

"ဟဲ့...ငါခြေထောက်က ကျူရိုးသာပိန်လိန်နေတယ်ဆိုလည်း
ထားတော့။ အခုဟာကဝါးပိုး လောက်အကြီးကြီး။ အဲ့အကြီးကြီးကို မမြင်ရအောင်တော့်မျက်လုံးကန်းနေလို့လား၊ဒါမှမဟုတ် စိတ်တွေဘယ်ရောက်နေသတုံး "

ရွာကလော်အသံပြဲတာလောက်တော့အရီးမိုးသနားတယ်။ညောင်
ပင်တန်းကအော်လျှင် မြိုင်တင်မက ရန်ကုန် ပွဲစားတန်းလောက်
ကပါကြားနိုင်တဲ့ အသံပိုင်ရှင်မျိုး။

"ဖြည်းဖြည်းပြောပါ အရီးရယ်၊ကျုပ်နားကြီးလည်းပေါက်ထွက်
ပါဦးမယ်..."

"ပေါက်ပေါက်...သေပေါ့"

ဒေါ်မိုးလက်ထဲယက်တောင်ခတ်မပြတ်။မိုးတွင်းဆိုပေမဲ့..ပူစပ်
စပ်ပါအေ။ ကျောပြင်ပြောင်နဲ့အမြဲရွာရိုးကိုးပေါက်လျှောက်
လိမ့်တတ်တဲ့ တူတော်မောင်မှာ အခုတော့ လူလိုသူလို အဝတ်အစားအကျအနဝတ်လို့။ ဆံပင်ဖြီးတားသည်ကလည်းသပ်သပ်ရပ်ရပ်။ အမွှေးနံလည်းဖြူးထားသေးတယ်။ဒါ
မျိုးဆို ဒေါ်မိုးကသိပ်လျှင်ပ။ ကြည့်ရုံနဲတင်ဘယ်သွားမလဲ
ဆိုတာကောင်းကောင်းသိတယ်။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now