Part.15

225 46 3
                                    

အေးရိပ်ငြိမ်ကိုရောက်ပြီးသည့်နောက် ရင်ငြိမ်းသည်လည်းတစ်ရက်ကလေးမှမနားရတော့။ ငွေကိုရေလို သုံးစွဲနိုင်သည့်အသိုင်း
အဝိုင်းမို့မမနွယ်တို့စေ့စပ်ပွဲက ဇာချဲ့လွန်းလှသည်။ဝတ်မဲ့ အင်္ကျီ
ဇာပိုးအထည်တွေကိုလည်းမြိုင်လိုမြို့သေးသေးလေးက ချုပ်မဲ့လက်ရာမလိုချင်ဘူး ဆိုပြီး ရန်ကုန်တက်အပ်သည်။ လက်ဝတ်လက်စားကျပြန်တော့လည်း အိမ်ရှိ ရွှေငွေလက်ဝတ်ရတနာပစ္စည်းတွေနဲ့မတင်းတိမ်မရောင့်ရဲနိုင်။ဓနဂုဏ်သိပ်မက်တဲ့မမနွယ်ဖို့ ရန်ကုန် ဂျိမ်းမော်တင်စိန်တိုက်မှလက်ဝတ်ပစ္စည်းစိန်တစ်ဆင်စာမှာပေးရပြန်သည်။အဲ့အတွက်ရင်ငြိမ်းမှာမြိုင်နဲ့ရန်ကုန်ကိုကူးချည်သန်းချည် အလုပ်များလင့်ကစား၊အေးရိပ်ငြိမ်တွင်နေနေရခြင်းထက် ပိုပြီး အဆင်ပြေလွတ်လပ်လှသည်။ မမနွယ်ရဲ့ မျက်စိ
စူးဖွယ်ကြီးကြီးကျယ်ကျယ်အမူအယာများ၊အိမ်အကူလူများ
အပေါ်မေကြီးရဲ့တင်းတင်းထန်ထန်အောက်ငေါက်သံများ ၊
စိန်ဆံထုံးပန် ဖွားဖွားရဲ့ လေကြီးလေကျယ် အပြောအဆိုများ..
စိတ်ပင်ပန်းဖွယ်ရာ ဖေဖေ့ အတင်းအကျပ်ခိုင်းစေမူ့များ..
ထိုသို့အမျိုးမျိုးသောစိတ်ဒုက္ခတွေရဲ့အဝေးမှာရင်ငြိမ်းပျော်ပိုက်
ပါသည်။ အေးရိပ်ငြိမ်စံအိမ်ကြီးသည် ရင်ငြိမ်းအတွက်အနေအထိုင်ကျဥ်းကျပ်လှ ပြီး ပျော်စရာမရှိသည့်အကျဥ်းစံဘဝ
နှယ်။အိမ်ရှိ လူများအားလုံးကလည်း ရင်ငြိမ်းကိုရည်ရွယ်ချက်
ပျောက်ဆုံးနေတဲ့ လူတစ်ယောက်အဖြစ်သတ်မှတ်ကာစကား
မပြောချင်ကျ။ ပြောလည်း သူတို့ ဆုံးမစကားတွေတိုင်း..
ရင်ငြိမ်းရဲ့စာရေးခြင်း၊ ဂီတအနုပညာကို အထင်သေးပုတ်ခတ်
တဲ့စကားလုံးများသာ။ ဂုဏ်ရှိမှ၊ ရာထူးရာခံ ကြီးကြီးမား
မားရှိမှ၊မိဘစကားနားထောင်ပြီးမိဘကြိုးဆွဲသလို နာခံတတ်မှ
လူယဥ်ကျေး၊ လူလိမ္မာစာရင်းသွင်းတတ်သော အသိုင်းအဝိုင်း
တွင်ရင်ငြိမ်းနေထိုင်ပါ၏။ ထိုအထက်တန်းလွှာ လူများကြား
ထဲတွင်တော့ရင်ငြိမ်းက မပေါင်းသင့်မပေါင်းအပ်သော အသေ
ဝနာစ ဗလာနံ တစ်ဦးသာ။

ရန်ကုန်ရောက်လျှင် မင်းကတော် မမလေးအိမ်မှာတည်းခိုနေဖို့
အမှာတော်ရှိသော်ငြား၊ရင်ငြိမ်းကမူ သိမ်ဖြူလမ်းရှိသူငယ်ချင်း
မြင့်သန်းအိမ်မှာပင်တည်းဖြစ်သည်။ကျောင်းပြီးဘွဲ့ရထားသည့်
မြင့်သန်းမှာအစိုးရပိုင် ဘဏ်တွင် အငယ်တန်းစာရေးဝင်လုပ်သည်။ထို့နောက် မိန်းမတန်းယူကာ အခုတော့ကလေးနှစ်ယောက်နဲ့ ရုံးရုံးကိုစည်လို့။ မြင့်သန်းမိန်းမကလည်းအစိုးရဝန်းထမ်းတစ်ဦးဖြစ်လေရာ...သူတို့မိသားစုလေးမှာမချမ်းသာသော်
ငြားလောက်လောက်ငှငှတော့ရှိရှာသည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ရင်ငြိမ်းခက်ဝေWhere stories live. Discover now