Part.3

894 112 4
                                    

မိုးရာသီမို့ပုန်းညက်ပန်းတွေဝေဆာပွင့်ဝေလျှက်။တောစံပယ်သည်လည်း မိုးရေစိုစွတ်သည်ကြောင့် မွှေးနံတထောင်းထောင်း။ မိုးနံလေနံ၊မြေနံ..ပန်းရနံ တွေစုပေါင်းကာ မုတ်သုတ်လေနဲ့အတူ အခန်းကျဉ်းလေးထဲဆောင်ကျ ဉ်းလာခဲ့၏။ ထိုလေနုအေးလေး သည် အခန်းထဲရှိစောင်ပုံလေးအားဖြတ်တိုက်သွားပြန်သည်။အေးမြသော လေနုအေးအထိ အတွေ့ကြောင့် ငြိမ်း အိပ်ယာထက်မှရုတ်တရပ် ဆိုလန့်နိုးလာခဲ့၏။

မနေ့ညက ဦးကြီးထွန်းလူပြောတဲ့စကားကို နား မထောင်မိ။ပြူတင်းတံခါးကို မပိတ်မိတဲ့အခါ.. လေနုအေးလေးအပြင် မိုးစက်အမှုန်အမွှား များပါအခန်းထဲထိ ဝင်ရောက်ကျူးကျော် လာခဲ့သည်။ ငြိမ်း...တုပ်တုပ်မျှမလှုပ်ဘဲထိုအေးချမ်းမူ့လေးကို စိတ် ရောကိုယ်ပါသက်ဝင်ခံစားစေလိုက်တယ်။

အပြင်မှာ မိုးမလင်းတလင်း မြူ ခိုးအလွှာတစ်ခု ခြုံလွှမ်းထားတယ်။လင်းကြက်တွန်သံနဲ့အတူ ဘေးအိမ်ဆီမှ ပရိတ်တရားဒေသနာသံ ပျံလွင့် လာပြန်တယ်။မဆိုးဘူးပဲ...ဒီခေတ်ဒီအခါရ သူဌေးသူကြွယ်အိမ်များ တွင်သာ ရေဒီယို၊ အသံချဲ့စက်တွေရှိတတ်ကျတာ။တော​ပေမဲ့ လူနေမှု့အဆင့်အတန်းသိပ်ကွာလှသည်မဟုတ်ပါ။ ​ချမ်းသာကြွယ်ဝသည့်တောသူဌေးတွေရှိသလို၊စာတတ်ပေတတ် ပညာတတ်တွေသည်လည်းနေရာတကာရှိတတ်သည်ကြောင့် အပေါ်ယံကိုမြင်ရုံမျှ ငြိမ်းအထင်မသေးရဲ။မနက်ခင်းရဲ့ အေးချမ်းဆွတ်ပျံမူ့ကိုငြိမ်းအပြည့်အဝ ခံစားမိလိုက်တယ်။

ဆယ်မိနစ်လောက် ဟိုဟိုဒီဒီတွေးပြီးနောက်၊ အိပ်ယာခင်းစောင် ခြင်ထောင်တွေကိုအကျအနခေါက်သိမ်းတယ်။အိမ်မှာဆို ဒေါ်စောကငြိမ်းအိပ်ယာကိုသိမ်းပေးနေကျ။ဒီလိုတစ်ယောက်တည်းတစ်ကိုယ်တည်းခရီးထွက်ချိန်မှာတော့ ရင်ငြိမ်းကိုယ့်အားကိုယ်ကိုးရပါသည်။သိမ်းဆည်းပြီးသည်နှင့်ပွင့်ဟထားသောပြူတင်းတံခါးနားမတ်မတ်ရပ် ၊စိမ်းစိမ်းစိုစိုဒီတောဒီတောင်ဒီပတ်ဝန်းကျင်အလှကို ငေးနေမိပြန်သည်။ ငြိမ်းအတွက်တိတ်ဆိတ်ခြင်းကအေးချမ်းတယ်။ အထီးကျန်ဆန်ခြင်းဟာ ထင်သလောက်ဝမ်းနည်းဖို့မကောင်းပေ။

ငြိမ်းရဲ့ကြည်လဲ့နေသောမျက်ဝန်းများမှာ တစ်ဖက်ခြံတွင်းလှိုင်
လှိုင်ပွင့်နေတဲ့ တရုတ်စံကားပန်းပွင့်တွေဆီအကြည့်ရောက်သွား
တော့၏။ ယောကျာ်းဆိုပေမဲ့ ငြိမ်းက စာရေးဆရာ။ တွေ့သမျှမြင်
သမျှ၊ ကြားသမျှ ပန်းလေးတစ်ပွင့်၊သံစဥ်လေးတစ်ကြောင်း
ပင်လျှင် အတွေးနယ်ချဲ့စရာဖြစ်သွားတတ်သည်။
လူတွေနဲ့ရောနှောဆက်ဆံရတာမကြိုက်တဲ့စာရေးဆရာမှာ၊လူ့ဘဝ
ဇာတ်ခုံအဖုံဖုံကိုငေးမောကြည့်ရူ့ဝေဖန်တတ်တဲ့ပွဲ ကြည့်ပရိသတ်
သာသာ။ထိုသို့အတွေးရောလူပါအေးချမ်းတည်ငြိမ်နေခိုက်၊ငြိမ်း
အမြင်အာရုံထဲလူတစ်ယောက်တိုးဝင်လာခဲ့သည်။တစ်ဖက်ခြံဝန်း
ထဲရှိလူသည် ငြိမ်းနဲ့အသက်မတိမ်းမယိမ်း။အရပ်ရှည်ရှည်ပိန်သွယ်
သွယ်။ရွှေလိုဝင်းတဲ့အသားအရေ ရှိသည်။အင်္ကျီဖြူ ၊အညိုရောင်
ပုဆိုးကွက်ကျားလေးရယ်နဲ့ရိုးရိုးယဥ်ယဥ်။ ချစ်စဖွယ်မျက်နှာလေး
ရယ်ကြောင့် အနေအေးသည့်ရင်ငြိမ်းပင်ရင်းနှီးကျွမ်းဝင်ချင်စိတ်
ပေါက်သည်။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now