Part.8

747 82 17
                                    

ရှေ့ယွန်းယွန်းဆီက နေရောင်ပျို့ပျို့ထွက်သည်နှင့်၊ မှော်ဆန်
တဲ့ပန်းချီကားတစ်ချက်အသက်သွင်းလိုက်သလို အရပ်ရှစ်မျက်
နှာတစ်ခွင်လှုပ်ရှားလာကျ၏။ တိမ်တွေလည်းပြာစပြုပြီ။ငှက်တွေ
လည်းအတောင်ပံဖြန့်ကာထက်ကောင်းကင်အာကာတစ်ဝိုက်ဝဲပျံ
ကျပြီ။

ညောင်ပင်တန်းရွာလေးသည် သူ့ခါးကိုဆန့်ကာပစ္စုပန်ကိုရှေ့ဆက်
သည်။ မိုးလင်းစနေရောင်အောက်နွားတွေခြူသံပေးကာထင်း
တိုက်ထွက်သွားသည်ကတချွင်ချွင်။ အကြော်ဗန်းရွက်ကာ ရွာ
ရိုးတစ်လျှောက် လှည့်ရောင်းနေတဲ့ ဒေါ်ဘုတ် အသံကတဆာ
ဆာ။ ရွာထဲရှိကလေးတွေဆို ဒေါ်ဘုတ် အသံကြားမှအိပ်ရာထကျ
တယ်ဆိုပဲ။ရွာမှာမြို့ကြီးပြကြီးတွေလိုကောင်းကောင်းကန်းကန်း
နာရီမရှိ။ ရွာဘုန်းကြီးကျောင်းမှာတစ်လုံး၊ဒေါ်မိုးအိမ်မှာတစ်လုံး
နှစ်လုံးသာရှိသည်။အများစုကတော့  နေထိုးရာအရိပ် အတိုအရှည်
ပေါ်ကြည့်ပြီးခန့်မှန်းသလို၊တစ်ချို့ကျတော့လည်း မိမိပတ်ဝန်း
ကျင်ရှိ အသံပလံတွေကိုနားစွင့်ရင်း ခန့်မှန်းတွက်ချက်နိုင်ကျသည်။

ဖိုးထူးသည် မနက်ခင်းလွင့်စင်ထွက်လာသော အသံမျိုးစုံကို
နားစွင့်ရင်း ဆရာတော်ဘုရားပြောပြဖူးတဲ့၊ မန်းရွှေပဟိုရ်တီးသံ
ကိုလွမ်းဆွတ်မိသည်။ တစ်ခေတ်တစ်ခါက ရတနာပုံမန်း
ရွှေမြို့တော်သည် မိုးသောက်မှ ညဦးယံထိ ရွှေပဟိုရ်စည်သံ
တွေနဲ့ ရွှန်းရွှန်းဝေနေပါလိမ့်မည်။ထိုရွှေပဟိုရ်စည်သံကိုနားထောင်
ရင်းရတနာပုံ ရွှေမြို့သူမြို့သားတွေသည် လုပ်ငန်းတာဝန်အဝ
ဝကိုပြီးမြောက်အောင်လုပ်ဆောင်ပါလိမ့်မည်။ကျက်သရေ
ပြည့်ဖြိုး ဝေစည်ခဲ့တဲ့၊ ရွေအောင်လံ ရတနာပုံအကြောင်းတွေး
မိသည့်အခါ...မျိုးချစ်စိတ်ဖြင့်ဖိုးထူးတစ်ကိုယ်လုံးပူရှိန်းလာရ
သည်။ရွေရောင်လွှမ်းခဲ့သောအတိတ်ကာလာများသည်မြန်မာတို့အတွက် လွမ်းမောဖွယ်ရာ လောကဇာတ်ခုံကြီးသာ။ ရွာလမ်းတစ်လျှောက် အတွေးတွေကတောင်ရောက်မြောက်ရောက်။
အခုတလော... ဖိုးထူး မိမိစိတ်ကိုမိမိအစိုးမရနိုင်။ကဗျာ ရတု
တွေ ဖတ်ရွတ်ချင်လာသည်။ ထန်းတောထဲ သွားမူးရမဲ့အစား၊
တမာပင်၊ထနောင်းပင် မှိုင်းညို့ညို့အုပ်ဆိုင်းနေတဲ့ရွာတောင်
ဘက်ပိုင်းလမ်းလေးကို မျှော်ငေးနေရသည်က ပိုမူးသလို၊ပိုရီ
ဝေဝေဖြစ်သလိုနဲ့။ ညဘက်ရောက်ပြန်လည်းကလေးဆန်ဆန်ငွေလမင်းကိုလိုချင်လာသည်။အသောမပြေနိုင်တဲ့ တဏှာနဲ့
လူတစ်ယောက်ပေါ်ကိုလည်းခုံမင်တပ်မက်စွဲလမ်းလာသေး၏။
မထားရီကိုချစ်ခဲ့ဖူးသည့် အချစ်က ပင်လယ်သမုဒ္ဒရာနဲ့ခိုင်း
နှိုင်းအပ်ပါမည်ဆိုရင်၊ ရင်ငြိမ်းပေါ်ချစ်သည့်အချစ်က
စင်္ကြာဝဋာ အနန္တပင်။ အဲ့ထက်လည်းပိုကြီးကျယ်နိုင်သေး၏။
နန်းသုံးမြို့သုံးတော်ဝင်သဇင်ပန်းကိုမှ တရှိုက်မက်မက်မွှေးပျချင်စိတ်ပြင်းထန်သော်လည်း၊လက်ထဲစွဲစွဲ မြဲမြဲဆုပ်ကိုင်မိသည်ကား ခံပွင့်ကုံးလေးသာ။ဟုတ်ပါသည်... ငွေနှင်းဖြူလွှလွှခံပွင့်တွေကို ကြိုးဖြင့်သီစပ်ကာအကုံးငယ်လေးပြုလုပ်ပြီးတစ်ယောက်သူအတွက်မေတ္တာလက်ဆောင် ယူလာပေးမိ၏။
မိန်းမငယ် လုံမပျိုတစ်ယောက်ဆို ထိုခံပွင့်ကုံးလေးအားနှစ်သက်
ရွှင်မြူးစွာလက်ခံလိမ့်မည်။ သို့ပေသိ...ဖိုးထူးနှစ်သက်သူသည်
ဘုန်းကံ ကြီးသောယောကျာ်းပျိုတစ်ယောက်ဖြစ်ပါသည်။ဒါ့
ကြောင့် သူယူလာသောမေတ္တာလက်ဆောင်ပန်းကုံးလေးကို..
ရွှင်မြူးဝမ်းမြောက်စွာလက်ခံချင်မှလက်ခံပါလိမ့်မည်။ ဖိုးထူးအဆုံးစွန်ထိကြိုတွေးပြီး​သားဖြစ်သလိုစိတ်ကိုလည်းအတတ်
နိုင်ဆုံးလျှော့ချထားခဲ့၏။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now