Part.6

534 66 14
                                    

"ကိုရင်ငြိမ်း..."

စိတ်လှုပ်ရှားအံသြမူ့ကြောင့် ဖိုးထူးရင်မှာတလှပ်လှပ်ခုန်နေသည်။
အိမ်မက်ပေလား၊ စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းလားဆိုပြီးမပီ
ပြင်ဝိုးတဝါး။ ဘုန်ကြီးအရှင်ကြွမြန်းလာသည်အလား၊ သဲ ကြိုး
နက်ထင်းခြေဖဝါးထက်ရွက်ကြွေတွေအပြေးအလွှားအခစားဝင်
ကုန်ကျသည်။

"ငြိမ်းရောက်လာလို့အရမ်းကို အံသြ သွားမှာပေါ့...ကိုဖိုးထူး"

"ဒါပေါ့ဗျာ၊ ဒီနေရာကို အလုပ်ရှိတဲ့လူတွေကလွဲဘယ်သူတွေ
အရေးတယူလုပ်ပြီးလာတာကျလို့။အဖတ်လုပ်စရာ..စိုက်ခင်းနဲ့ ကွင်းပြင်ပဲရှိတာ ပျင်းဖို့ကောင်းပါဘိသနှယ်။ဒါနဲ့  ကိုရင်ငြိမ်းကရောဒီနေရာကိုဘယ်လိုလုပ်သိတာလည်း။ ဘယ်သူလိုက်ပို့တာလဲ၊ဘာကိစ္စများရှိလို့လာတာတုန်း.."

မေးခွန်းတွေပဲမေးချသွားတဲ့ဖိုးထူးကြောင့်ရင်ငြိမ်းမှာရယ်ချင်သွား
ရသည်။ လက်နောက်ပစ်ကာဖွက်လာတဲ့ တီရှပ်အင်္ကျီလေးပေး
ဖို့ရောက်လာတယ်ဆိုတာ ကိုဖိုးထူးသိရင်ဘယ်လိုများတုံ့ပြန်မှာ
ပါလိမ့်။ ပျော်ရွင်စွာလက်ခံလိမ့်မည်လား ဒါမှမဟုတ် ရပါတယ်
ဗျာ ဆိုပြီးယဥ်ယဥ်ကျေးကျေးလေးငြင်းပယ်လိုက်လေမလား။

"မေးခွန်းတွေက များလိုက်တာ ​ဘယ်ကနေစဖြေရမှန်းတောင်
မသိတော့ဘူး။ ဒီနေရာကို ဘာလို့ရောက်လာလည်းဆိုတော့
ကိုဖိုးထူးကို တမင်သက်သက်တွေ့ချင်လို့လာတွေ့တာ၊ လိုက်ပို့တာကတော့..ဦးကြီးထွန်းလူကိုယ်တိုင်ပဲ.. ဒီလောက်ဆိုရပြီလား"

သူတို့ညီအစ်ကိုနှစ်ယောက်ဆို အမြင်မကြည်တဲ့ လူပျိုကြီးက
ရင်ငြိမ်းကိုဒီအထိလိုက်ပိုသည်တဲ့လား။ မဖြစ်နိုင်တာတွေ။ ပတ်ဝန်းကျင်ပတ်ချာလည်ကိုစောင်းငဲ့ပြီး အကဲခတ်မိတော့လည်း လူပျိုကြီးကိုမတွေ့။

"နို့.. ဒါနဲ့ဦးထွန်လူရောမမြင်မိပါလား"

"ဟိုဘက် ယာခင်းထဲက ကိုမျိုးဆိုတဲ့လူနဲ့စကားပြောပြီးကျန်ခဲ့တယ်။ကျွန်တော်ကသာ ကိုဖိုးထူးကို တွေ့ချင်လို့၊မနည်းဦးကြီးထွန်းလူကို လိုက်ပို့ခိုင်းထားရတာ။ ဒါနဲ့ အခုတလောပျောက်နေတယ်နော့်..."

ရင်ငြိမ်းခက်ဝေWhere stories live. Discover now