သဇင်ပွင့်ဦးထူးတဲ့ ဆောင်းရောက်ခဲ့ပြန်ပြီ။ ဖြိုးဖျောက်ဖျောက်
ရွာနေတဲ့ဝသုန်မိုးအစား၊ဆောင်းနှင်း သည် တဖန်အခစားဝင်ပြန်
၏။စိမ်းနုနုဝတ်ရုံလွှာကိုခြုံမြန်းထားသောဆောင်းပျိုမဒီ ဤလောကမြေမဟီ၏ အလှသရဖူကိုလုယူဆောင်းပြန်သည်။ မြောက်လေပြန်ဟေမာန်ဆောင်းနဲ့အတူ တစ်ယောက်သော သူကိုလွမ်းစိတ်သည်လည်းထူးမော်ရင်ထဲတသိမ့်သိမ့်။ အညာနေကပူနေပေမဲ့၊ဆောင်းလေသည်သူ့သဘာဝအတိုင်းအေးမြဲအေးစဲပင်။ ဒီတစ်လတာအတောအတွင်း ..ရက်သတ္တပတ်များမှာထူးမော်အတွက်ပျော်ဖို့မကောင်း။နေ့စွဲတိုင်းအချိန်နာရီတိုင်းမှာငြိမ်းအပေါ်သတိရစိတ်များဖြင့်ပြည့်နှက်နေတော့သည်။ ထို သတိရစိတ်၊အဆွေးဓာတ်တို့ကို ထိန်းချုပ်ခြင်းဌာမစွမ်းသာတော့သောအခါ..
ဆင်ကန်းတောတိုး နီးစပ်ဖို့သာကြိုးစားရပြန်သည်။ ဂုဏ်ရည်တူ
၏မတူ၏။ ဆင်းရဲ ချမ်းသာဆန့်ကျင်ဘက်ငွေတံတိုင်းတွေကြား..
သူနဲ့ငြိမ်းလက်ချင်းတွဲလို့ ဖြတ်ကျော်ချင်လှသည်။ ရူးမိုက်တဲ့ကလေးအတွေးနဲ့ လမင်းကိုရဖို့ မျှော်နေသူလိုပင်။သူသည်လည်း သူ့ရင်ခွင်ထဲ ရင်ငြိမ်းဆိုတဲ့ လမင်းကြီးခုန်ဆင်းလာဖို့ရူးရူးမိုက်မိုက်မျှော်လင့်မိပြန်၏။ဆောင်လေရူးနဲ့အတူ ရူးမိုက်တဲ့အတွေးငင်လေသောအခါ...ထူး
မော်သည် မွေးဖွားရာဇာတိချက်ကြွေရွာလေးမှာပင်မပျော်ပိုက်
တော့။လှည်းကြမ်းနဲ့ ဖုန်ထူထူလမ်းတွေကို ခရီးနှင်ပြီးသကာလ မြိုင်မြို့သို့ထူးမော်ခြေချမိတော့သည်။ သူ့တွင်အထုပ်အပိုး များများစားစားမပါ။လူတစ်ကိုယ်စာ အိပ်ယာနဲ့ အဝတ်အစားတစ်စုံနှစ်စုံသာ။ အရီး ဒေါ်မိုးက သူ့အတွက်ခြေစောင့်လက်စောင့်ငွေ
ယားအပိုလေးထည့်ပေးလိုက်ချင်ပေမဲ့၊ထူးမော်ကလက်မခံ။
အမြဲတစေဝတ်ထားလေ့ရှိတဲ့ရွှေလက်စွပ်ကိုပင် အိပ်ယာခေါင်းရင်းတွင်ချန်ထားပေးခဲ့၏။မိမိချွေးနှဲစာ ပိုင်ဆိုင်သမျှကလွဲ ဘယ်အရာ
ပစ္စည်းကိုမှမယူခဲ့။
အဝတ်တစ်ထည်၊ကိုယ်တစ်ခု၊စုဗူး တစ်လုံးနဲ့ ငြိမ်းရှိရာ တည်နေ
ရာသို့လိုက်လာခဲ့ပါ၏။ မြိုင်မြို့တွင် ထူးမော်အလုပ်တက်လုပ်
မယ်လည်းဆိုရော အဘနဲ့အရီးက တားကျပါတော့သည်။ ဘကြီး
ဦးလူမှာစီးပွားရေးသမားပီပီ ပြောရဆိုရ ရှင်းပြရ လွယ်ကူသော်
လည်း၊အရီးမိုးကအဲ့လိုမဟုတ်။ ငါ့တူငါ့သားဆိုတဲ့အသိနဲ့ မျက်စိ
အောက်တွင်ထားချင်သည်။ အလုပ်လုပ်မယ်ဆိုလည်းဒီမှာပဲလုပ်။
မိန်းမယူလည်းဒီရွာသူနဲ့ပဲယူ။ဒီမှာတင် စိုက်ခင်းကိုကြိုးကြိုးစား
စားလုပ်ပြီး သားသမီးတွေနဲ့သိုက်သိုက်ဝန်းဝန်းရှိနေတာကိုမြင်
ချင်ပြန်သတဲ့။ ဖိုးထူး....အရီးစကားတွေကိုနားမဝင်နိုင်။ကိုယ့်
ဝမ်းနာကိုယ်သာ အသိဆုံးပေမို့လား။ ဒါ့ကြောင့် အရီးနဲ့အဘ
အားမနည်းဖြောင်းဖျကာ မြိုင့်မြို့ရှိကြယ်နီပွဲရုံတွင် အလုပ်ဝင်
လုပ်ဖို့ တစ်ကိုယ်ရေတစ်ကာယထွက်လာခဲ့သည်။ သူ့ဆုံးဖြတ်
ချက် ကို အစ်ကိုဝမ်းကွဲ ဖြစ်သူ ဂျွန်မိုးစက်ကအားပေးပါလေရဲ့။
တစ်ချိန် အမေချန်ထားခဲ့သောပွဲရုံများကို ဦးစီးရမဲ့အတူတူ၊အခု
တည်းက ထိုလုပ်ငန်းပိုင်းတွင် အောက်သက်ကြေအောင် ပညာ
ယူသည့်သဘောဖြင့် တခြားပွဲရုံတွင် ဝင်လုပ်စေခဲ့သည်။ကြယ်
နီပွဲရုံပိုင်ရှင် ဦးဘခက်နဲ့ မိတ်ဆက်ပေးခဲ့သည်ကလည်းကိုကြီး
ဂျွန်မိုးစက်သာ။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)