Part.10

477 60 8
                                    

စမ်းချောင်းလေးကဖြတ်အတက်တစ်ဖက်ကမ်းတွင် ထုံးဘုရား
အိုလေးထီးထီးမားမားတည်ရှိ၏။ တောတောင်လယ်က ဘုရား
ဖြူပေမို့ သစ်သစ်လွင်လွယ်ရယ်မရှိလှ။ တစ်ထီးတည်း သီတင်း
သုံးနေသော စေတီအိုကြီးကိုကြည့်ကာ ရင်ငြိမ်းရင်ထဲ မချိပေ။
လူတွေဟာလေ... ရွေရောင်တောက်ပြီးသား စေတီပုထိုးတွေကျ ရွှေသင်္ဃန်းတွေအထပ်ထပ်လုကပ်နေကျတာ။ ဒီလိုမျိုး
ဘုရားအိုကြီးတွေကျ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မဲ့လူတောင်မရှိပါရော့လား။

"ကိုဖိုးထူး..လှည်းကို ဒီမှာခဏရပ်ပါဦးဗျို့၊ ကျွန်တော်...ဘုရား
လေးဆင်းဖူးချင်လို့"

လှည်းနောက်ကနေအော်ပြောလာတဲ့ငြိမ်းရယ်ကြောင့် ဖိုးထူး
လှည်းကိုအရှိန်လျှော့ကာတစ်ဖြေးဖြေးရပ်ပေးလိုက်သည်။
လူသူမဲ့နေတဲ့ တောလမ်းထဲ ဖူးမြှော်မဲ့လူမရှိ၊ ဆည်လည်းသံမလွင်
သည့်ဘုရားအိုကြီးသည် တိတ်ဆိတ်လွန်းလှကာ လွမ်းမောဖွယ်
လည်းကောင်းလှသည်။ငြိမ်းက လှည်းပေါ်မှဆင်းကာစေတီ
ရှိရာဘက်သို့လျှောက်သွားနှင့်သည်ကြောင့် ဖိုးထူးလည်းနောက်
မှထပ်ကျပ်မကွာလိုက်လာခဲ့ရ၏။ ဘုရားအိုလေးရဲ့ပတ်ဝန်းကျင်
တွင် မန်ကျည်းပင်တန်းတွေဝိုင်းအုံကာမှိုင်းထိုင်းထိုင်း။ခရီးသွား
လမ်းကြုံလူများ၊ဘုရားအိုလေးဆီရောက်လာတတ်ကာ သန့်ရှင်းရေးဘုရားဝေယျာဝစ္စ တွေ ပြုလုပ်သွားတတ်သည်။
ဒါ့ကြောင့်ပြုပြင်ထိန်းသိမ်းမူ့အားနည်းသည့်တိုင်ရင်ပြင်တော်ကတော့သန့်ရှင်းသပ်ရပ်လျှက်သာ။ ငြိမ်းကသူလေးနာမ်ထောင့် ဗုဒ္ဓဟူးဂြိုလ်တိုင်မှာဘုရားအရင်ရှိခိုးသည်။ထိုမှ ဖိုးထူးနေ့နာမ်စနေထောင့်တွင်ဘုရားရှိခိုးကာ ခဏတစ်ဖြုတ်ထိုင်ဖြစ်ကျ၏။

သနပ်ခါးရေကျဲ မလူးကျံထားသည့်တိုင် ငြိမ်းမျက်နှာလေးဟာနဂိုပင်ကိုယ်အသားအရေတိုင်းဖြူဖွေးဥနေစဲသာ။ချွေးစို့နေသည့်
ပါးပြင်းမို့မို့လေးက ပတ္တာမြားလေးလိုနီရဲသွေးသွေးလေး။
မျက်တောင်ရှည်ကြီးတွေဝန်းရံထားတဲ့ မျက်ဝန်းညိုလေးတွေ
နဲ့ဆုံတိုင်း ဖိုးထူးရင်တစ်သိမ့်သိမ့်ခုန်ရပါ၏။ အရင်ထက်ပိုသည့်
နွေလယ်ညရဲ့ လေပြေညှင်းလိုနူးညံညင်သာခြင်းမျိုးဖြင့် အသွင်
ပြောင်းကာအချစ်သည် ဒုတိယအကြိမ်မြောက်သူ့ဘဝထဲသို့
တိုးဝင်လာခဲ့ပြန်၏။ချစ်သူနဲ့အတူတူရှိတဲ့အခါတိုင်း..ဖိုးထူးရင်
ဝယ်အတိုင်းမသိ ကြည်နှုးပျော်ရွှင်ရသည်။သို့သော်ငြား
ထိုကြည်နူးပျော်ရွှင်ခြင်းတွေသည် ခြောက်အိမ်မက်တွေလို ဝိုးတဝါးအဆုံးသတ်ခြင်းတွေသာ။

ရင်ငြိမ်းခက်ဝေWhere stories live. Discover now