Part.9

485 58 9
                                    

မနက်ဖြန်မနက် ကိုဖိုးထူးနဲ့အတူ အပြင်သွားရမည်မို့ရင်ငြိမ်းတော်
ရုံအိပ်မပျော်။သင်ဖြူး ဖျာချပ်ပေါ်လူးလူးလိမ့်လိမ့်သာ။ရင်ငြိမ်း
ငယ်ငယ်ကဆို အဖေ အမေ ဘွားဘွား မမတို့နဲ့အတူ အရပ်တကာ
၊နယ်တကာလှည့်ကာ ဘုရားပွဲဇာတ်ပွဲတွေလိုက်ကြည့်ဖြစ်ခဲ့၏။
ထို့သို့ ဘုရားဖူးထွက်မဲ့နေ့မျိုး၊ခရီးသွားမဲ့ရက်မျိုးဆို မမနွယ်နဲ့
မေမေဟာ မင်းသမီးရှုံးအောင်ပြင်ကျဆင်ကျလေ့ရှိသည်။ အသက်
ရလာပြီဖြစ်သော်ငြား မာန်မချ ငါစွဲ စွဲနေတဲ့အဖွားကလည်း..
တစ်ကိုယ်လုံးရွှေတွေညွတ်နေအောင်ဆင်၊ဆံထုံးကြီးထုံး၊ထိုဆံ
ထုံးကြီးပေါ် တစ်ရတီလောက်ရှိတဲ့စိန်ဘီးကုပ် ကိုဝင့်နေအောင်
ပန်တတ်သေး၏။အဖိုးဘက်ကမျိုးရိုးစဥ်ဆက်ချမ်းလာတဲ့အပြင်၊ အခွန်ဝန် ဘဏ္ဍာဝန်လည်းဖြစ်လာပြန်တော့ရင်ငြိမ်းတို့မိသားစုမှာ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီးဘာအပူအပင်မှမရှိ။အဖေစီးပွားရှာကောင်းသည်ကြောင့်..ပွဲရုံတစ်ရုံမှနှစ်ရုံ၊ကားတစ်စီးမှနှစ်ဆီး ဆပွားတိုးလာရသည်။ရွှေပုံပေါ်ဖင်ခုထိုင်နေတဲ့ မေမေနဲ့မမသည်လည်းတစ်နေ့တစ်နေ့ ရွေထည်အသစ်အဆန်းလက်ရာတွေပန်းတိမ်အပ်ဖို့၊အင်္ကျီလှလှပပတွေချုပ်ဝတ်ဖို့လောက်သာစိတ်ဝင်စားကျသည်။ဘုရားဖူးထွက်မယ်ဟေ့ ဆိုရင် ဖေကြီးကသူအရမ်းချစ်တဲ့ ပေါ့ချက်ကားအနက်ရောင်လေးကိုထုတ်ပြီးမောင်းတော့တာပဲ။လမ်းမှာဖုန်တထောင်းထောင်း၊မသန့်မရှင်းအပြင်စာတွေမစားတတ်သည်မို့ကိုယ်တိုင်ချိုင့်ကြီးချိုင့်ငယ်နဲ့ချက်ပြုတ်ကြော်လှော်လာကျသည်။

ရင်ငြိမ်းရဲ့ခရီးထွက်ဘုရားဖူးလိုခြင်းစိတ်ကူးက အဲ့လိုမဟုတ်။ သူဖတ်ဖူးတဲ့စာအုပ်တွေထဲကဆိုဘုရားပွဲ ခရီးထွက်ခြင်းက အင်မတန်မှပျော်ဖို့ကောင်းသည်မဟုတ်ပါလား။ အများသူငါလို လှည်းယဥ်ကြော့တွင်ထိုင်စီးကာ ဖုန်းတထောင်းထောင်းထနေတဲ့သဲလမ်းတွေပေါ်ဖြတ်သွားချင်သည်။
လှည်းသံတကျွီကျွီ၊ ချူသံတချွင်ချွင်၊သီချင်းသံတအေးအေးကို
နားဆင်ချင်လှသည်။လှည်းယဥ်တန်းတစ်လျှောက် အချင်းချင်း စကျ နောက်ကျ၊သီချင်းပြိုင်တူ ဆိုကျနဲ့ ပျော်စရာကောင်းလိုက်ပါဘိ။သို့သော်..ရင်ငြိမ်း အလိုဟာဘယ်တော့မှမပြီးမြောက်ခဲ့ပါ။ အခွင့်လည်းမသာခဲ့။လှည်းတန်းကြီးတွေကို မြင်တိုင်း ရင်ငြိမ်းပျော်သလောက်အားကျသလောက်၊ မေမေကတော့တစ်ဖက်လူတွေကို
ချိုးနှိမ်ကာ..

ရင်ငြိမ်းခက်ဝေWhere stories live. Discover now