တော်သလင်းလသို့ရောက်လာသည့်အခါ မိုးပါးစပြုလာပြီ။
အရပ်ရှစ်မျက်နှာတစ်ခွင် မိုးခြိမ်းသံတညံညံ၊ မိုရိပ်တိမ်ညိုတွေ
ဆင်နေပေမဲ့ မိုးစက်မိုးပေါက်ရယ်လို့တစ်စက်တစ်လေမျှဤမြေ
မဟီထုပေါ်ခုန်ဆင်းမလာ။ ပင်အိုပင်ပျိုတို့သည့်ကားဖြိုင်ဖြိုင်
ရွာမဲ့မိုးကိုမျှော်ကာဆန့်တငင့်ငင့်။ သို့သော်...အနှီကိုရွှေမိုးမှာ
လေနီကြမ်းတွေရယ်ကြောင့် အနောက်တောင်အရပ်သို့ခြေဦး
လှည့်ကာလွင့်ပါးစပြုလာပြီ။ညိုသော်လည်း မဆိုင်း၊ ခြိမ်းသော်
လည်း မရွာ။ အထင်နဲ့အမြင် တတ်တတ်စင်အောင်အလွဲကြီး
လွဲကျကုန်၏။ပတ်ဝန်းကျင်ရာသီဥတု၏ဖောက်လွှဲဖောက်ပြန်မူ့ကိုမြင်ပြီးသကာ
လ ရင်ငြိမ်းစိတ်ထဲမပျော်ပေ။ အလို မကျ အုံနေ၏။ မှိုင်းနေ၏။
မတင်မကျစိတ်ကြီးကြောင့်တနုပ်နုပ်ခံစားနေရသော်လည်းဖွင့်ပြော
အံထုတ်ဖို့ခက်လှပေသည်။ မနက်ဖြန် ဆိုရင် ဒီရွာက ပြန်ရတော့
ပေမို့လား။ ဒီရေ ဒီမြေ ဒီလူတွေကြား လွမ်းစရာမရှိဘူးဆိုရင် ၊
ရင်ငြိမ်းလိမ်ရာကျပါလိမ့်မည်။ နှလုံးသားကိုလှည့်စားလိုက်ရာ
ကျပါမည်။အကြင်သူနဲ့ ဆုံတွေ့ခဲ့ရခြင်းသည်အထုံရေစက်တစ်
ခုထက်ပို၏။ မရဲတရဲရှို့တို့ရှန်းတန်း အကြည့်ချင်းဆုံတိုင်းယောကျာ်းတန်မဲ့ရင်ဖိုရပါ၏။မထိတထိ ရိသဲ့သဲ့ အပြောခံရတိုင်း
လည်း ဒေါသမထွက်စိတ်ဆိုးရကောင်းမှန်းပင်မသိ။ ကြည်ကြည်
နှုးနှုးစိတ်ကူးပင်အခါတစ်ရာလောက်ယဥ်မိပါသေးသည်။
ကိုဖိုးထူးနဲ့သူ့ကြား မရိုးမသား စိတ်သဏ္ဍန်ရှိနှင့်ပြီးဖြစ်သည်။
တစ်ခါတစ်ရံ ကိုဖိုးထူးရဲ့ အပြုအမူအပြောအဆိုတွေကသူ့အပေါ်
ချစ်နေသလားဟု အထင်ရောက်စေသည်။ ကိုဖိုးထူးဘက်ကကြုံရင်ကြုံသလို နှလုံးသားခံစားချက်တစ်စိတ်တစ်ဒေသ ကိုထုတ်ပြပြီးဖြစ်သည်။ ရင်ငြိမ်းကလည်း ခါးခါးသီးသီငြင်းဆန်နေတဲ့ အမူအရာပင်မပြ။ အထိုက်အလျှောက်ပင်သူ့ဘက်ကတောင်ပြန်
တုံပြန်ပေးခဲ့သေး၏။ဒါနဲ့တောင် ကိုဖိုးထူးဘက်က ချစ်ကြောင်း
ဖွင့်ဟဝန်ခံလာခြင်းမပြုသေးပေ။ စိမ်းစိမ်းကားကားပင်ရှောင်
ဖယ်လာခဲ့သေး၏။မရွာပဲ ခြိမ်းတဲ့မိုးလိုပင်၊ကိုဖိုးထူးသည်လည်း မချစ်ပဲ ကျီစယ်
သည့်သဘောပေလား။ သူကပဲ တစ်ဖက်သတ်ကြီး ချစ်သည်
ဟု ထင်မြင်ယူဆနေသလား ရင်ငြိမ်းမတွေးတတ်တော့။တွေး
လည်း မတွေးချင်...မနက်ဖြန်ဆိုရင်ပဲ ရင်ငြိမ်းမြို့ပြန်ရတော့မယ်။
တစ်ခုခုသေချာအောင် ရင်ငြိမ်းအဖြေထုတ်သင့်သည်မဟုတ်လား။
ဒီအတိုင်း ဘာမှမဖြေရှင်းဘဲ ထိုင်စောင့်နေတာထက်စာရင်ကိုဖိုး
ထူးနဲ့တွေ့ပြီးသူ့ခံစားချက်များကိုပြောပြချင်သည်။တတ်နိုင်လျှင်..
ငြိမ်းကို တစ်ခါတည်းအပြီးခေါ်ထားလိုက်ပါလားဟုသာ ပြော
လိုက်ချင်ပါတော့သည်။ မြိုင်ကိုမပြန်ချင်။အေးရိပ်ငြိမ်ကိုခြေမ
ချချင်။ရွှေလှောင်ချိုင့်အထပ်ထပ်ကာရံထားခံရမဲ့ အကျဥ်းစံဘဝ
ကိုပြန်မသွားချင်။ မိမိဆုံးဖြတ်ချက် မရှိဘဲ မိဘကြိုးဆွဲရာလိုက်
ကရမဲ့ ရုပ်သေးရုပ်လေးပြန်မဖြစ်ချင်။ရင်ငြိမ်းရင်ထဲက ပူပင်
သောက ကိုလူတွေမသိ။ အားလုံးက ရွေဆိုရွှေ၊ငွေဆိုငွေလိုတိုင်း
တတိုင်းရနေတဲ့ ရင်ငြိမ်းဘဝဟာ ပျော်စရာကောင်းသည်ဟု
ထင်မြင်နေလိမ့်မည်သာ။ရုပ်ပိုင်းဆိုင်ရာ အပေါ်ယံရွှေမှုန်ကျဲထား
သည်ကိုသာမြင်ကျပြီး၊အတွင်းစိတ်အာဟာရပြတ်လပ်နေသည်ကို ဘယ်သူမှရိပ်မိကျမည်မဟုတ်ပါ။ ကိုဖိုးထူးနဲ့တွေ့ဆုံပါမှရင်ငြိမ်း၏သေနေသောဘဝသည်ပြန်အသက်ဝင်လာခဲ့၏။အထီးကျန်ခြင်းဆိုတဲ့ဝေဒနါမှလွတ်မြောက်ကာတစ်ဖန်စိုပြေလာခဲ့သည်။ဘဝရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အလင်းရောင်လေးကို ရင်ငြိမ်းမစွန့်လွှတ်ချင်။ ဒီတိုင်းတစ်ယောက်ထည်း လိပ်ခဲသည်းလည်းခံစားနေရတာထက်စာရင် ကိုဖိုးထူးကိုတွေ့ပြီး ခံစားရသမျှကို ဖွင့်အံပြောပြလိုက်ချင်သည်။သို့သည်တိုင် ရင်ငြိမ်းက ဒီရွာသားမဟုတ်ပါလေ။ကိုဖိုးထူး ဘယ်နေရာမှာဘာလုပ်နေမည်မှန်းမသိ၍ မိအောင်
ဖမ်းဖိုမလွယ်။ ရှောင်တဲ့သူက ပုန်းကောင်းတော့လည်း ၊ရှာ
တဲ့လူက ဝတ္တရားရှိတဲ့အတိုင်းရှာရပါဦးမည်။သူစမပြောလျှင်လည်းကိုယ့်ဘက်ကဖွင့်ပြောရုံပေါ့။ အချင်းချင်းအမူပိုနေရအောင်
လည်း သူတို့နှစ်ယောက်ကား မိန်းကလေးတွေလည်းမဟုတ်။
ရင်ငြိမ်းကတော့ ကိုဖိုးထူးပေါ်စိတ်ဝင်စားကြောင့်ဖွင့်ဟဝန်
ခံသွားချင်သည်။ အနာဂတ်ဆိုသည်ကား ဘာတစ်ခုမှရေရာသေ
ချာသည်မဟုတ်ပါ။ ဖြစ်ချင်တာလည်း ဖြစ်လာနိုင်သလို၊မဖြစ်
ချင်တာလည်း ဖြစ်လာနိုင်ပါသည်။ တစ်ချိန်ချိန် အတိတ်ကိုပြန်
တွေးပြီး ချစ်ကြောင်းဝန်မခံမိလေခြင်းဆိုပြီးနောင်တမရချင်။
လူလူချင်းယောကျာ်းမိန်းမ ပဓာန မထားဘဲ မေတ္တာယစ်မူးစေ
သူ ထိုပုရိသအား ရင်ငြိမ်းချစ်လည်းချစ်နိုင်ပါသည်။ လွမ်းလည်းလွမ်းရဲပါသည်။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)