ညောင်ပင်တန်းရွာမှာစိတ်ရှိလက်ရှိဘယ်လောက်ပျော်ပျော်နေ
မိမည်မှန်းမသိနိုင်သည်ကြောင့် များစွာသောပစ္စည်းပစ္စယအသုံးအဆောင်ပစ္စည်းတွေထည့်လာမိခဲ့သည်။ ရင်ငြိမ်းအတွက်
တော့အေးရိပ်ငြိမ်နဲ့ဝေးလေ ပူပင်သောကငြိမ်းလေပါပဲ။ဒီမှာကျ
ရင်ငြိမ်းအပေါ်အမိန့်နဲ့ဖိအားပေးမဲ့လူမရှိ။ မလုပ်ချင်တဲ့အလုပ်
ကို အတင်းအကျပ်ခိုင်းစေမဲ့လူမရှိ။ ချုပ်ချယ်မဲ့လူမရှိ။ သန်သန်
မာမာယောကျာ်းလေးတစ်ယောက်ကို မိန်းမပျိုလေးနှယ်..
မျက်စိဒေါက်ထောင့်လိုက်ကြည့်မဲ့သူမရှိ။ မလွတ်လပ်ပေဘူး
လား။ မကောင်းပေဘူးလား ။ရွှေစော်ငွေစော်ကြေးရတက်တွေနဲ့နေရတာထက်စာရင် ဒီလို
ကြက်ချေး၊ဝက်စော် နံဟောင်နေတဲ့မြေစိုက်အိမ်လေးက
လောကနိဗ္ဗာန်ပါပေတည့်။ညောင်ပင်တန်းရွာက ပခုက္ကူခရိုင်
၊ မြိုင်မြို့နယ်ထဲက ရွာလေးတစ်ရွာလို့ဆိုရမယ်။မြန်မာနိုင်ငံ
အလယ်ပိုင်းရဲ့ရာသီဥတုဖြစ်သည်နှင့်အညီပူပြင်းခြောက်သွေ့သ
ည်။ မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး...မိုးဥတုဖြစ်ပေသိ မိုးသည်
ဆိုင်းဆိုင်းပြင်းပြင်း မရွာ။ ဒီနှစ်ကတော့ မိုးကောင်းတယ်ဆိုရ
မလားပဲ။ မိုးစိပ်စိပ်လေးရွာလိုက် နေလေးပြန်ပူလိုက်နဲ့။
ဒီရက်နေသာတုန်းလေး..ငြိမ်းဝတ်ပြီးသား အင်္ကျီပုဆိုးများအားလုံးကို ဆပ်ပြာနဲ့ရေနိုင်နိုင်တိုက်လျှော်ပြီးအပြင်ဘက်တန်းတွင်ထုတ်လှမ်းဖြစ်သည်။ နေပြောင်းရေပြောင်းသည်မို့ ဆပ်ပြာတုံးကလည်းအမြုပ်သိပ်မထွက်ချင်။နေပူပူမှာ ဆပ်ပြာတစ်တုံးနဲ့ရင်ငြိမ်းအဝတ်လျှော်နေတာတွေ့တော့ဦးကြီးထွန်းလူမှာအံအားမသင့်
ပဲမနေနိုင်တော့။ မြိုင်မြို့ရဲ့ မြို့မျက်နှာဖုံးသူဌေးသားဇောတိက
က.. ဤသို့ဤပုံလည်းအောက်သက်ကျေပါသတဲ့။"ငါတို့တောမှာတော့ ဆပ်ပြာတွေအမွှေးတုံးတွေသိပ်မသုံးနိုင်ပေါင်၊
ဝတ်ထားတဲ့အဝတ်ကိုရေပေါပေါသုံးပြီးထွာလိုက်တာပဲ""အဲ့လိုကျ ဦးကြီးအင်္ကျီအဝတ်အစားတွေအနံဘယ်ပျောက်တော့
မလဲ.."မြို့သားအဝတ်လျှော်ရေချိုးတာနဲ့တင်ရေတစ်စည်ကုန်နေပြီ။
တွင်းရေရှိလို့သာတော်ပါသေး။နို့မို့ဆို ရေချိုးအဝတ်လျှော်ဖို့
ကန်ရေပြေးပြေးဆွဲနေရတာနဲ့တင်လမ်းမှာလက်မောင်းပြုတ်
ရော့မယ်။
YOU ARE READING
ရင်ငြိမ်းခက်ဝေ
Romanceရင်ထဲအသဲထဲထိ စွဲရစ်ငြိတွယ်စေသောငြိမ်း (ကိုဘီအေ ဖတ်ပြီးမှ ဒါလေးဆက်ဖတ်ကျပါနော်)