18

7.9K 1.1K 292
                                    

​ကျောင်းပိတ်ရက် ဖြစ်​သော်ငြား ဥဂ္ဂံက စာကြည့်တိုက် သွားပြီး စာဖတ်မှာမို့ မြင့်မိုရ်တို့ Dateလို့မရ​ပေ။ဒီလို​နေ့မျိုးမှာ အခြားအတွဲ​တွေလို Movie Dateချင်​သော်လည်း စာကြိုးစားသည့် ဆရာဝန်​လောင်း​လေးကို ​​မ​နှောင့်ယှက်ချင်သည်မို့ ဇွတ်အတင်း မပူဆာ​​ဖြစ်ပေ။

" ငါလည်း စာကြိုးစားရမယ်။ ပထမဆုရရင် ​ကျောင်းက သုံး​​သောင်း​တောင် ဆု​ပေးတယ်။ စာ သိပ်မလုပ်ချင်ပေမဲ့ ပိုက်ဆံ​တော့ လိုချင်တယ်။ "

ပုံမှန်ဆို မြင့်မိုရ်ထံတွင် ​လေး၊ငါး​​သောင်း အမြဲကပ်​သော်ငြား ခြံစိုက်ပြီးကတည်းက ထိုခြံထဲပဲ ရင်းနှီး​နေရသည်မို့ မုန့်ဖိုး​လောက်သာ အမြဲကျန်သည်။

စာအုပ်​လေးထုတ်ပြီး စာကြည့်စားပွဲ ထိုင်တုန်း အခန်းတံခါး ​ခေါက်လာသည်မို့ မြင့်မိုရ် ​လည်ပင်း​လေး လိမ်ကာ ကြည့်လိုက်သည်။

" ငါပါ။ "

ဧကရီလွင်က အသံ​ပေးလိုက်တာမို့ မြင့်မိုရ် တံခါး သွားဖွင့်​ပေးလိုက်သည်။

" အ​ဖေ​ခေါ်​နေတယ်။ ​ပြောစရာရှိလို့တဲ့။ "

" အင်း "

ဦးလွင်မင်းဘက်မှ မြင့်မိုရ်အား ​ခေါ်လိုက်တိုင်း ပထမတစ်ခုက မုန့်ဖိုး​ပေးခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ သြဝါဒ​ခြွေ ဆူ​ငေါက်ခြင်း ဖြစ်သည်။ မ​နေ့ကမှ မုန့်ဖိုး​ပေးထားသည်မို့ ဒုတိယတစ်ခု ဖြစ်နိုင်၏။ဘေးချင်းကပ်ကာ ​လျှောက်​​နေရင်းမှ ဧကရီလွင်က ​မြင့်မိုရ်အား ​ပြောလာသည်။

" ​ခေတ်မင်း​သော်ကို နည်းနည်း သတိထား။ နင်တို့နှစ်​ယောက်လုံးက ​ယောကျ်ား​​​လေး​တွေမို့ အမှတ်တမဲ့​ပေမဲ့ ငါက မိန်းက​လေးမို့ တစ်ချက်ကြည့်ရုံနဲ့ သိတယ်။ နင်နဲ့ပြိုင်ဖက် မဖြစ်​စေနဲ့။ကိုယ့်လူကိုယ် ပိုင်​ရင်တောင် တစ်ဖက်က အမြဲတမ်း လက်ပွန်းတတီး ​နေ​နေရတဲ့ သူစိမ်း ... စိုင်းဥဂ္ဂံလင်းကိုပါ သတိ​ပေးထားဦး။ "

မြင့်မိုရ်က နားမလည်သည်မို့ မျက်လုံးဝိုင်းဝိုင်း​လေးကို ပြူးကာ ကြည့်သည်။ပြီးမှ ​ကြောင်​တောင်​တောင်ဖြင့် ​ခေါင်းငြိမ့်ပြရင်း ခပ်တိုးတိုး ​ပြောသည်။

Youth , Sweet LoveWhere stories live. Discover now