" စာ သေချာလုပ်လေ ... စာမေးပွဲက ရက်ပိုင်းပဲ လိုတော့တာ ... အပျင်းတစ်မနေစမ်းနဲ့။ "
မြင့်မိုရ်က စားပွဲပေါ် မေးစေ့လေးတင်ကာ ခေါင်းရမ်းပြသည်။ စာလုပ်ရလွန်း၍ မြင့်မိုရ်ခေါင်းတွေ ပူနေပြီ။ တစ်နေ့ကို နာရီနှစ်ဆယ်လောက် စာလုပ်နေရသည်။
" ငါ့ Limitပြည့်ပြီ။ ထပ်မလုပ်နိုင်တော့ဘူး။ ငါ နားပါရစေဦး။ "
မြင့်မိုရ်က မျက်လုံးလေးတွေ စင်းကျနေကာ ပြောလာတော့ ဥက္ကာကပါ ဝင်ပြောလိုက်၏။
" အေးလေ ညီညီရာ ... သူလည်း နားချင်မှာပေါ့။ မြင့်မိုရ် နားနား ... သက်တောင့်သက်သာ ဖြစ်အောင် အိပ်ယာပေါ် သွားအိပ်လေ။ "
အမြွှာတွေ အခန်းထဲမှ စားပွဲဝိုင်း အကြီးကြီးတွင် သုံးယောက် စာထိုင်လုပ်နေကြတာ ဖြစ်သည်။စာမေးပွဲနားနီးနေပြီမို့ ဘယ်ကျောင်းသားပဲကြည့်ကြည့် အပြင်းအထန် ကြိုးစားနေကြ၍ ပင်ပန်းနွမ်းနယ် နေကြပြီ။မျက်နှာထား တည်နေသော ဥဂ္ဂံကို တစ်ချက် ကြည့်ပြီးမှ မြင့်မိုရ်က ပြောသည်။
" အဲဒါဆို ငါအနားယူလိုက်ဦးမယ်နော်။ "
ဥဂ္ဂံက ချက်ချင်းပင် မြင့်မိုရ်၏ ပခုံးတစ်ဖက်အား လက်ဖြင့် နှိမ်ကိုင်ထားပြီး အထမခံပေ။ မြင့်မိုရ် ရုန်းပေမယ့်လည်း မလွတ်ပေ။
" ဘာကို နားမှာလဲ။ သင်္ချာတွက်ထားတာ လေး၊ငါးပုဒ် မှားနေတာ ...အဲဒါ အရင်တွက်ဦး။ "
မြင့်မိုရ်က ဥက္ကာအား လှမ်းကြည့်ကာ အကူအညီ တောင်းလိုက်တော့ ဥက္ကာက မမြင်ဟန်ဆောင်ကာ အကြည့်လွှဲသွားသည်။
" ပြီးရော ... ပြီးရော ... အဖေအရမ်းလုပ်ချင်တာပဲ။ "
မြင့်မိုရ် အကြမ်းစာအုပ် ပြန်ထုတ်ကာ စာပြန်တွက်ရ၏။ ဥဂ္ဂံလည်း Chemistry မေးခွန်းဟောင်းကို အပြီးသတ် တွက်လိုက်ပြီး ဘောပင်ချကာ နားရင်း မြင့်မိုရ် စာလုပ်နေသည်ကို ကြည့်နေလိုက်၏။
" မြင့်မိုရ်ကိုမင်း ... ရက်ပိုင်းလေးပဲမို့ သည်းခံပြီး သေချာအာရုံစိုက်စမ်းပါ။ မင်းပြောတော့ အချစ်ရေးကြောင့် ပညာရေးကို မနှောင့်နှေးစေဘဲ ငါတို့အတူ တိုးတက်ကြမယ်ဆို။ငါ့ကို သဘောကျတယ်၊ ငါနဲ့အတူ တိုးတက်ချင်တယ်ဆိုရင် စာသေချာလုပ် ... နော်။မင်း ငါ့ကို ကြိုက်တယ်မလား ... အဲဒါဆို စာသေချာလုပ်။ "
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _