19

8.3K 1.1K 369
                                    

လမ်းတွင် ​တွေ့ခဲ့သည့် ​လမ်း​ဘေး ဆိုင်မှ ​ခေါက်ဆွဲ​ကြော်နှစ်ပွဲနှင့် ​ရေသုံးဘူး ဝယ်ခဲ့လိုက်သည်။ ဥဂ္ဂံ သွား​နေသည့် အိမ်မှာ မန္တ​လေး​​တောင်​နားတွင် ရှိသည်။ခြံ​ရှေ့တွင် ကားရပ်ပြီး ဥဂ္ဂံက ခြံတံခါး ဆင်းဖွင့်သည်။ပြီး​နောက် ကားဆီတစ်​ခေါက် ပြန်လာပြီး ခြံထဲထိ ကား​​မောင်းလာခဲ့လိုက်သည်။

​အပြင်မှာ မှောင်ရီပျိုးစ​ပေမဲ့ ခြံထဲ​ရောက်​တော့ အ​တော်​လေး​မှောင်​နေ​လေပြီ။ မြင့်မိုရ်က ခြံပတ်ပတ်လည်ကို ကြည့်လိုက်ပြီးမှ ဥဂ္ဂံအား ​မေးသည်။

" ဒါ ဘယ်သူ့ခြံကြီးလဲ။ "

" ငါဝယ်ထားတာ ... လာ ... ဆင်းရ​အောင်။ "

မြင့်မိုရ်လည်း ခြံထဲ ကျီးကန်း​တောင်း​မှောက် စပ်စုပြီးမှ ဥဂ္ဂံနှင့်အတူ အိမ်ထဲဝင်ခဲ့သည်။ တစ်ထပ်တိုက်​လေး၏ အတွင်းဘက်မှာ ဖွဲ့စည်းပုံက ရိုးရှင်းပြီး သပ်ရပ်​နေ၏။ဝင်ဝင်ချင်း ဧည့်ခန်းအကျယ်ရှိပြီး ထိုနှင့် ကပ်လျက်တွင် အိပ်ခန်းရှိသည်။ မီးဖို​ချောင်က​တော့ အခြားဘက်တွင် သီးသန့်တည်ရှိသည်။

" အိမ်ထဲမှာ ဘာမှ​တော့ မရှိ​သေးဘူး။ ဝယ်လာတဲ့ ​ခေါင်းအုံးနဲ့ ​စောင်ပဲ သုံးပြီး ဒီည​တော့ ဖြစ်သလိုပဲ အိပ်တာ​ပေါ့။ "

အစီအစဥ် မရှိဘဲ ခိုး​ပြေးဖြစ်သည်မို့ ဘာတစ်ခုမှ ပြင်ဆင်ထားတာ မရှိ​ပေ။မြင့်မိုရ်က ဧည့်ခန်း​​ဘေးမှ ပြတင်း​ပေါက် တံခါးကို ဖွင့်ရင်း ​ပြောလိုက်သည်။

" အင်း ... ငါက ရပါတယ်။ဒီလိုမှန်းသိရင် Hotelမှာ တည်းလည်းရတာပဲ။ "

ဥဂ္ဂံက ဧည့်ခန်းက စားပွဲ​ပေါ်တွင် ဝယ်လာသည့် ပစ္စည်း​တွေကို တင်လိုက်သည်။

" Hotelမှာ မ​နေချင်ဘူး။ အတူ ထွက်​ပြေးဖို့ ​ခေါ်လာပြီး ​life partnerနဲ့ တွေ့တဲ့​နေရာမှာ မအိပ်ချင်ဘူး။ပြီးပြီး​ရော ​သွေးဆူပြီး ​ခေါ်လာတာမျိုး မဟုတ်ဘဲ မင်း ယုံကြည်မှု ရှိ​အောင် လက်ဆုပ်လက်ကိုင် အိမ်တစ်လုံး​​လောက်တော့  ပြထားချင်တယ်။ "

မြင့်မိုရ်၏ မျက်နှာ​လေးမှာ ကြည်နူးမှု​ကြောင့် ခပ်ရဲရဲ​လေး ဖြစ်လာသည်။ဥဂ္ဂံက မြင့်မိုရ်ကို ကြည့်ကာ ပြုံးလိုက်ပြီး စားပွဲ​​ပေါ် တင်ထားသည့် ​ခေါင်းအုံး​တွေနှင့်​​စောင်ထုတ်ကို ဆွဲယူကာ မြင့်မိုရ်၏ ​ကျော​လေးကို ပုတ်ရင်း ​ပြောသည်။

Youth , Sweet LoveWhere stories live. Discover now