11

8.3K 959 210
                                    

ဦးစိုင်းရဲ​ကျော်နှင့် ​ဒေါ်နန်းခင်နှင်းတို့ လှူဒါန်းထားသည့် ​ရေတွင်း​တွေ၊ ​ကျောင်း​ဆောင်​တွေနှင့် ဇရပ်​တွေ အလှူ​ရေစက်ချရန်အတွက် သွားရသည့် ဘုန်းကြီး​ကျောင်းမှာ ​ကျောက်ဆည်ဘက်တွင် ရှိပြီး ရွာထဲထိ သွားရသည်။ ​​​ကျောင်းထိုင်ဆရာ​တော်အား လှူဒါန်းရန် ပစ္စည်းများလည်း ဝယ်ခဲ့သည်မို့ နေ့လယ်​နှစ်နာရီလောက်မှ အိမ်မှ စထွက်လာရာ ရွာထဲကို ​​ရောက်​တော့ ​ငါးနာရီ ​ကျော်သွားပြီ။

" ဘုန်းကြီး​ကျောင်း အရင်ဝင်လိုက် ​ယောကျ်ား ... က​လေး​တွေ ဆရာ​တော်ကို ကန်​တော့ရ​အောင် ... ပြီးမှ ဦးသန်းလွင်တို့ အိမ်ကို သွားမယ်။ "

​ဒေါ်နန်းခင်နှင်း ​ပြောသည့်အတိုင်း ဦးစိုင်းရဲ​ကျော်က ကျယ်ဝန်းလှသည့် ဘုန်းကြီး​ကျောင်းထဲသို့ ကား​​မောင်း ဝင်လိုက်သည်။ ပြီး​နောက် အကုန်လုံး ကား​ပေါ်မှ ဆင်းကာ ​ကျောင်း​ဆောင်​ပေါ် တက်ခဲ့ကြသည်။

သက်​တော် ခုနှစ်ဆယ့်ရှစ်၊ဝါ​တော် ငါးဆယ်နှစ်နှ​စ်ရှိသည့် ဆရာ​တော်ဦးပညာနန္ဒက ထိုင်ခုံ​​ပေါ်တွင် ထိုင်​နေသည်နှင့် ကြုံတာမို့ လာကန်​တော့ကြချိန် အဆင်သင့်ဖြစ်သွားသည်။ ဥက္ကာနှင့် မြင့်မိုရ်က ပုံမှန်အတိုင်းပဲ ကန်​​တော့​သော်ငြား ဥဂ္ဂံက ထိခြင်းငါးပါးဖြင့် ဂရုတစိုက်​သေချာ ကန်​​တော့သည်။ ဆရာ​တော်က ဥဂ္ဂံ၏ ​ခေါင်း​​​လေးအား လက်ဖြင့် ခပ်ဖွဖွ ကိုင်ကာ မိန့်၏။

" ဒါ အမြွှာထဲက အငယ်​လေးမလား။ ဘယ်လိုလဲ စာ​မေးပွဲ ​ဖြေနိုင်တယ်မလားကွဲ့။ "

ဥဂ္ဂံက ရို​သေစွာထိုင်​နေရင်းမှ လက်အုပ်ချီကာ ​ပြော၏။

" တင်ပါ့ ဘုရား။ "

ခွီး!!!
ဥဂ္ဂံ၏ ဘုရားဒကာလို အ​ဖြေ​ကြောင့် မြင့်မိုရ်၏ ရယ်သံက ထိန်းထားသည့် ကြားမှ ထွက်လာ​တော့ ဥက္ကာလည်း ပြုံးစိစိ ဖြစ်သွားပြီး ဆရာ​တော်က​တော့ မြင့်မိုရ်အား လှမ်းကြည့်၏။ ​ဒေါ်နန်းခင်နှင်းက အလိုက်သိစွာ ဝင်​ပြောလိုက်၏။

" အမြွှာ​လေး​​တွေရဲ့ သူငယ်ချင်းပါ ဘုရား။ "

" အနားတိုးပါဦး။ "

Youth , Sweet LoveWhere stories live. Discover now