မြင့်မိုရ် အိပ်ယာပေါ်တွင် ဝမ်းလျားထိုး မှောက်လျက်ဖြင့် ဖုန်းကြည့်နေလိုက်သည်။ ဥဂ္ဂံနှင့် စကားပြောထားသည့် chatထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်ပြီး ဥဂ္ဂံဘက်မှ စာပြန်လာမည်ကို စောင့်နေလိုက်သည်။
ကိုလင်း သက်သာသွားပြီလား
ထိုသို့ မြင့်မိုရ် ပို့ထားသည်မှာ ငါးမိနစ်တောင် ကျော်သွားပြီ။ ဥဂ္ဂံက လိုင်းပေါ် ရှိလျက်ဖြင့် စာလုံးဝ မပြန်ပေ။နောက်ဆိုရင် မင်းကို မပြောဘဲ ဘယ်မှ မသွား တော့ပါဘူး ကတိကတိ🤐
မြင့်မိုရ်ဘက်မှ စာထပ်ပို့လိုက်သော်လည်း Deliveredနှင့်သာ ရပ်တန့်သွား၏။
ငါ မင်းကို ချစ်တယ်လေ အာဘွား အာဘွား
လျှာသပ်နေသော emojiဖြင့် ထိုကဲ့သို့ ညုတုတု ရေးလိုက်တာတောင် ဥဂ္ဂံက အခုထိ ဂရုမစိုက်သေးပေ။" တောက် ... တွေ့ကြသေးတာပေါ့။ "
မြင့်မိုရ်က ဖုန်းကို ခေါင်းအုံးပေါ် ပစ်ချလိုက်ပြီး လက်နှစ်ဖက်ကို တဂျွတ်ဂျွတ်မြည်သည် အထိ လက်ဆစ်တွေ ချိုးလိုက်၏။ ပြီးမှ ဖုန်းကို ပြန်ကောက်ကိုင်လိုက်ပြီး စာတစ်ကြောင်း ရေးလိုက်သည်။
မနက်စာ ဘာစားချင်လဲ ကိုလင်း😔
ဘယ်လိုမှ စာမပြန်သည့် ဥဂ္ဂံကြောင့် မျက်နှာကို ခေါင်းအုံးထဲ နစ်ပစ်လိုက်ပြီးမှ မြင့်မိုရ် ဝမ်းလျားမှောက်လျက်ဖြင့် ခြေထောက်တွေ တဒုန်းဒုန်း ဆောင့်နေမိသည်။ချစ်သူသက်တမ်း တစ်လျှောက် ဥဂ္ဂံ စိတ်ဆိုးတာ ဒါပထမဆုံး အကြိမ်ပင်။" စိတ်ကလေးကို လျော့ထားမယ် ... "
ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီးနောက် ဥက္ကာ၏ ဖုန်းကို ခေါ်လိုက်သည်။ တစ်ဖက်မှ ချက်ချင်း ဖုန်းကိုင်သည်။
' ပြော ... '
မြင့်မိုရ် အသံကို အချိုသာဆုံးဖြစ်အောင် ဂရုစိုက်လိုက်ပြီး ပြောလိုက်၏။
' ကိုလင်း သက်သာလားလို့ မေးမလို့။ ငါ စာပို့တာလည်း သူက မပြန်ဘူး။ '
စာကြည့်စားပွဲတွင် ထိုင်ကာ Laptopဖြင့် အလုပ်များနေသော ဥဂ္ဂံထံသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ဥက္ကာ ပြောလိုက်၏။
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _