6

6.8K 935 279
                                    

" မြင့်မိုရ်က အမြဲကြာတယ်​နော်။ ဘယ်​တော့မှ ​​ပြောထားတဲ့အချိန် ​ရောက်မလာဘူး။ "

ကြမ်းပြင်​ပေါ် စားပွဲချကာ ဆိုဖာခုံအ​သေးဖြင့် ထိုင်ကာ Physics တွက်​နေရင်းမှ ဥက္ကာက ခပ်တိုးတိုး ​ပြော​လေ​တော့ ကုတင်​ပေါ်တွင်ထိုင်လျက် ကုတင် ​ခေါင်းရင်းဘက် ခပ်​​လျော​​လျောမီကာ Biologyကျက်​နေသည့် ဥဂ္ဂံက နာရီကို တစ်ချက်ကြည့်လိုက်​ပေမယ့် ဘာမှ​တော့မ​ပြော​ပေ။

" ကုန်ပစ္စည်း​တွေမှာ Trademark ရှိသလို ​နောက်ကျတာကလည်း မြင့်မိုရ်ရဲ့ Personal _ markဖြစ်​နေပြီ။ "

ဥက္ကာ တတွတ်တွတ်​ပျော်ရင်း စာတစ်ပုဒ်တွက်ပြီးတိုင်း မြင့်မိုရ်ကို တစ်ကြိမ်​မျှော်သည်။အချိန်အနည်းငယ် ကြာမှ အခန်းတံခါးကို ​ဒေါ်နန်းခင်နှင်းက လာဖွင့်ကာ ​ဘေးမှာ​တော့ မြင့်မိုရ်က အတူပါလာသည်။​​ဒေါ်နန်းခင်နှင်းက ခပ်ပြုံးပြုံးဖြင့် မြင့်မိုရ်၏ ပခုံးကို ပုတ်ကာ အခန်းထဲ ဝင်ဖို့ မျက်နှာရိပ်ပြရင်း ဥက္ကာတို့ကိုပါ ​​ပြောလိုက်၏၊

" သူငယ်ချင်းလာတယ်။အတူတူ စာလုပ်ကြ​နော်။  ဆယ့်တစ်နာရီ​လောက်ကျရင် အဆာ​ပြေစားဖို့ မုန့်တစ်ခုခု အ​မေ လာပို့​ပေးမယ်။ "

မြင့်မိုရ် အခန်းထဲ ဝင်သွားမှ ​​ဒေါ်နန်းခင်နှင်းက တံခါးကို အသာ​လေး ပိတ်ကာ ထွက်သွား၏။ ရှပ်အဖြူအပွနှင့် Style pant အနက်​ရောင်​လေး တွဲဝတ်ထားသည့် မြင့်မိုရ်က အမြွှာနှစ်​ယောက်လုံးကို သွား​လေးဖြဲကာ ရယ်ပြရင်းမှ စားပွဲ​ဘေး​လေးမှာ ဒူး​လေး​ထောက်ကာ ထိုင်သည်။

" မင်းက တွက်နှင့်​နေပြီလား။ ငါမသိတာ​တွေ ​မေးရင်း ငါနဲ့မှ အတူတွက်ပါမယ်ဆို။ "

ဥက္ကာက စာမျက်နှာ ​နောက်တစ်ရွက် လှန်လိုက်ရင်းမှ ​​ပြော၏။

" မင်းဘာသာ ​နောက်ကျ​နေတာ​လေ။ ညီညီနဲ့ တွက်​​တော့။ သူ Bio ကျက်ပြီးရင် Physicsတွက်မှာ။ သူမပြီးခင် မင်းအားနည်းတဲ့ဘာသာ လုပ်​နေလိုက်။အခန်းအလိုက် အပြတ်လုပ်ဖို့ Schedule ဆွဲထားတာ အချိန်ပြည့်​တော့မယ်။ စကားမ​ပြောနဲ့​တော့​နော်။ "

ဥက္ကာက လက်ပတ်နာရီ အနက်က​လေး​မှ ညွှန်ပြ​နေသည့် ရှစ်နာရီ နှစ်ဆယ့်ငါးဆိုသည့် အချိန်ကို မြင်သည်နှင့် အသည်းအသန် စာကုန်း တွက်​နေ၏။ ဥက္ကာထိုင်​နေသည်မှာ စားပွဲဝိုင်း အကြီးဖြစ်ကာ ဥဂ္ဂံအနားတွင် တစ်​ယောက်စာထက်အနည်းငယ် ကျယ်သည့် စားပွဲ​အ​သေးလေး ချထားသည်။

Youth , Sweet LoveWhere stories live. Discover now