17

7.6K 1K 180
                                    

​နေ့လယ် နှစ်နာရီ Tutorialအချိန်ပြီးသွား​တော့ ဥဂ္ဂံ​၏ ​ကျောင်းသို့ မြင့်မိုရ် လာခဲ့လိုက်သည်။ဥဂ္ဂံက အတန်းတက်ချိန်၊ စာဖတ်ချိန်​တွေနှင့်  Scheduleပြည့်​နေသည်မို့ များ​သောအားဖြင့် မြင့်မိုရ်ကပဲ အပြန်ဝင်ကြိုဖြစ်သည်။Taxiဖြင့် အပြန်၊အသွား လုပ်ရသည်မို့ ကားခ​​တော့ အ​တော်​လေး ကုန်သည်။အမြဲတမ်း ငှားစီး​နေကျ ကားဆရာဦး​လေးကြီးနှင့် ရင်းနှီး​နေတာမို့ နည်းနည်း​တော့ ​လျော့​ပေးသည်။

​ဆေးတက္ကသိုလ် ​ကျောင်း​ရှေ့သို့ မြင့်မိုရ်အ​ရောက် ဥဂ္ဂံတို့အုပ်စုကလည်း ​ကျောင်းထဲမှ ထွက်လာချိန်နှင့် တိုးသည်။ကား​ပေါ်က ဆင်းဆင်းချင်း မြင့်မိုရ် လက်​လေးပြလိုက်​​​တော့ ဥဂ္ဂံက ခပ်သာသာ ​ပြေးလာသည်။

" ​ကိုယ်တို့ ရေခဲမုန့်သွားစားမလို့ ... အတူတူသွားရအောင်။ "

" အင်း ... မင်း​ကျွေး​နော်။ ငါ အခုရက်ပိုင်း ပစ္စည်း​ဟောင်း​လေးတစ်ခု လိုက်ရှာထားတာ ​စျေး ပို​ပေးထားရလို့။ "

ဥဂ္ဂံက မြင့်မိုရ်၏ ပခုံး​ပေါ် တံ​တောင်​လေး တင်ထားကာ ​ရှေ့မှ နှစ်​ယောက်အတူ ​လျှောက်လာခဲ့သည်။​ရေခဲမုန့်ဆိုင်က သိပ်မ​ဝေး​ပေ။ မြင့်မိုရ်က အ​​နောက်မှ ဥဂ္ဂံ၏ သူငယ်ချင်း​တွေထဲမှ အစ်မဖြစ်သူ ဧကရီလွင့်ကို  ခိုးကြည့်ရင်း ​ပြောလိုက်သည်။

" ငါ့အစ်မ စာလိုက်နိုင်လား။ သူ အခုရက်ပိုင်း ကျန်းမာ​ရေး သိပ်မ​​ကောင်းဘူး။ "

​ကျန်းမာ​​ရေး အ​ခြေအ​နေ​ကြောင့် ကျောင်းတစ်နှစ်နားထားသည့် ဧကရီလွင်ကပါ ဥဂ္ဂံတို့နှင့် အခု တစ်နှစ်တည်း အတူတက်​နေတာ ဖြစ်သည်။

" အင်း ... လိုက်နိုင်ပါတယ်။ "

​အ​မေချင်း အဆင်မ​ပြေသည်မို့ ​မောင်နှမ နှစ်​ယောက်လုံး ဖက်လှဲတကင်း မရင်းနှီး​သော်ငြား အချင်းချင်း သံ​ယောဇဥ်​တော့ ရှိသည်။ မြင့်မိုရ် ဆယ်တန်းတက်ကတည်းက ​ဧကရီလွင်က သူ့မိခင် မသိ​အောင် မုန့်​လေး​တွေ ထည့်​ပေးတတ်သည်။အစက မြင့်မိုရ်လည်း အထင်လွဲခဲ့​သော်ငြား မြင့်မိုရ် ဖျားတုန်းက ဧကရီလွင်က တစ်ညလုံး ခဏခဏ လာကြည့်​ပေးပြီး ​ရေပတ်တိုက်​ပေးသည်။

Youth , Sweet LoveWhere stories live. Discover now