မြင့်မိုရ် အိမ်မှာပဲ နားချင်ပေမယ့် ဥက္ကာက ဖုန်းဆက်ပြီး ဇွတ်အတင်း သူ့အိမ် လာခဲ့ခိုင်းသည်မို့ ငြင်း၍မရပေ။ခြံရှေ့ရောက်သည်နှင့် မြင့်မိုရ်က လူခေါ်ဘဲလ် နှိပ်လိုက်သည်။ကတ္တာရာခင်းထားသည့် လမ်းကို ခေါင်းငုံ့ကြည့်ကာ ခဲအစအနလေးတွေကို ခြေထောက်ဖြင့် ကန်ရင်း ခြံတံခါး လာဖွင့်ပေးမည်ကို မြင့်မိုရ် စောင့်နေလိုက်သည်။
ခြံတံခါး ဖွင့်သံကြားတော့ မြင့်မိုရ် မတ်မတ်လေး ပြန်ရပ်ကာ ပြုံးပြရန် ဟန်လေးပြင်ထားလိုက်၏။လာဖွင့်သည့်သူမှာ အခြားမည်သူမှ မဟုတ်ပါဘဲ ဥဂ္ဂံဖြစ်နေတော့ မြင့်မိုရ်မှာ မျက်နှာမထားတတ် ဖြစ်နေလေပြီ။
ဥဂ္ဂံက ပုံမှန် မျက်နှာထားပဲ ဖြစ်ကာ မြင့်မိုရ် ခြံထဲ ဝင်ပြီးမှ တံခါးပြန်ပိတ်လိုက်သည်။ အတော်လေး ကျယ်ဝန်းသည့် ခြံမို့ အိမ်မကြီးအတွင်း ရောက်ရန် နှစ်မိနစ်လောက် လမ်းလျှောက်ရသေးသည်။ManU ဂျာစီဝတ်ထားသည့် ဥဂ္ဂံနှင့် ဘေးချင်း ယှဥ်ကာ လမ်းလျှောက်နေရသည်မို့ မြင့်မိုရ်၏ ခြေလှမ်းတွေမှာ ခပ်သွက်သွက် ဖြစ်နေသည်။ဒီအတောအတွင်း စာမေးပွဲရက်တွေမှာ ဦးလွင်မင်းကို အပို့အကြို လုပ်ခိုင်းပြီး ဥဂ္ဂံအား ရှောင်ခဲ့ပေမယ့် အခု တည့်တည့်တိုးနေလေပြီ။
မြင့်မိုရ်က ဥဂ္ဂံအား တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ချင်းဆုံသည်နှင့် ဆတ်ခနဲပင် အိမ်ထဲသို့ အသည်းအသန် ဝင်ပြေးတော့၏။ အနောက်မှ လိုက်ဝင်လာရင်း မြင့်မိုရ်ကို ကြည့်ကာ ဥဂ္ဂံ အသံထွက် ရယ်လိုက်မိပါ၏။
" သြော် ... ရောက်ပြီလား။ ငါ ဒီမှာ ဇာတ်ကားရွေးနေတာ။ "
ဥက္ကာက ဧည့်ခန်းမှ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ TVစင်အောက်ထပ်တွင် ထည့်ထားသော ပုံးထဲမှ ဇာတ်လမ်းAlbumတွေကို နှိုက်ကာ ဇာတ်လမ်း ရွေးနေ၏။ 24လက်မ TVမို့ အတော်လေး ကြီး၏။ မြင့်မိုရ် ကျောပိုးအိတ်ကို ဆိုဖာပေါ် ချလိုက်ပြီး ဥက္ကာအနားသွားကာ ဇာတ်လမ်းအတူ ရွေးပေးနေလိုက်၏။
" မင်းက ဘယ်လိုဇာတ်လမ်း ကြည့်ချင်တာလဲ။ "
" မှော်ကားတို့ ဘာညာပေါ့။စိတ်ဝင်စားစရာ ကောင်းတာမျိုး။ "
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _