" မြင့်မိုရ် ငါ ဒီနေ့ နင်နဲ့ ထမင်းအတူစားမပေးနိုင်တော့ဘူး။ ငါ့အစ်မ စေ့စပ်ပွဲရှိလို့ နေ့လယ်တစ်ပိုင်း ကျောင်းပျက်မှာ။ "
ဆယ့်နှစ်နာရီထိုးခါနီးမှာတင် Chemistryဆရာ ထွက်သွားပြီမို့ ကျောပိုးအိတ်ထဲ ပစ္စည်းတွေ သိမ်းရင်း သော်သော်လင်းက အားနာနေဟန် ပြောလေတော့ မြင့်မိုရ်လည်း ထုတ်ထားသမျှ စာရေးကိရိယာတွေကို အိတ်အကြည်လေးထဲ သေချာပြန်ထည့်ရင်း ရယ်လျက် ပြော၏။
" ရပါတယ် ... ပုံမှန်လည်း ငါထမင်းစားရင် တစ်ယောက်တည်း စားနေကျ အေးဆေး။ "
" အင်းအင်း ... ငါသွားတော့မယ်နော်။ "
ဆံပင်နှစ်ဖက်ခွဲစည်းထားတာလေး တလှုပ်လှုပ်ဖြင့် သော်သော်လင်းက ထွက်သွား၏။ မြင့်မိုရ် အောက်ထပ်သွားကာ ထမင်းဘူးထားသည့် နေရာမှ ထမင်းဘူး သွားယူလိုက်သည်။
မြင့်မိုရ် အတန်းထဲ ပြန်ဝင်လာသည်နှင့် နှစ်တန်းမြောက်မှာ ထိုင်နေသည့် အမြွှာထဲက တစ်ယောက်မှာ ပြုံးပြလာသည်။ သေချာပေါက် စိုင်းဥက္ကာထူးဖြစ်၏။သူတို့ အမြွှာကို လူမကွဲတာမို့ ရမ်းပြုံးမပြရဲပေ။ဥက္ကာမဟုတ်ရင် ကိုယ်ပဲ အရှက်ကွဲရချည်ရဲ့။
" ငါတို့နဲ့အတူ ထမင်းလာစားလေ။ "
ဥက္ကာက ကမ်းလှမ်းလိုက်သည်နှင့် မြင့်မိုရ် ချက်ချင်း လက်ခံ၏။ တစ်ယောက်တည်း ထမင်းစားရမှာ ပျင်းစရာကောင်းသည်။
" မင်းတို့က အောက်ထပ် ထမင်းစားခန်းမှာ သွားမစားဘူးလား။ "
မြင့်မိုရ်က ထမင်းဘူးလေးကို ဖွင့်ရင်း မေးလိုက်တော့ ဥက္ကာက သူ့ညီကို ကြည့်ပြသည်။ သဘောက သူ့ညီ သွားမစားချင်၍ အခန်းထဲ၌သာ စားရခြင်းပင်။
မြင့်မိုရ်က နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး
တစ်သျူးထုတ်လေး ထုတ်ကာ စားပွဲပေါ်တင်သည်။မျက်နှာချင်းဆိုင်တွင် ရှိသော ဥဂ္ဂံဆီ အကြည့်ရောက်သွားလေတော့ မြင့်မိုရ်၏ ဘရိတ်မပါသည့် ပါးစပ်က လွှတ်ခနဲထွက်သွား၏။" ဘယ်သန်ကြီးနော်။ "
ဥဂ္ဂံက မကြည်ဟန် ကြည့်လိုက်မှ မြင့်မိုရ်လည်း လျှာလေးကို သွားဖြင့် အသာဖော့ကိုက်ကာ ခဏငြိမ်သွား၏။
YOU ARE READING
Youth , Sweet Love
RomanceMyanmar×OC Fic cover crd to pinterest နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု နုနုပျိုပျို ချစ်ခြင်းလေးတစ်ခု 11.4.2024 _