Part-1(Unicode +Zawgyi)

346 12 0
                                    

(Unicode)
⏰⏰ တီတီ တီတီ ..... တီတီ တီတီ....

-နံနက် 6နာရီ နေ့သစ် တစ်ယောက်မျက်လုံးမဖွင့်သေးပဲ ကုတင်ဘေးက စားပွဲပေါ်သို့လက်နဲ့စမ်းကာ မြည်နေတဲ့Alarm ကိုပိတ်လိုက်သည်။ပြီးမှ ခန္တာကိုယ်အကြောလျော့၍ကုတင်ပေါ်မှဆင်းလိုက်ပြီး စောင်ကိုသေချာခေါက် အိပ်ရာခင်းတွေသပ်ရပ်အောင်ပြုပြင်သိမ်းဆည်းပြီးမှ အောက်ထပ်ကိုဆင်းလာခဲ့သည်။

-မီးဖိုချောင်ခန်းထဲဝင်တော့ မြင်နေကျမြင်ကွင်းဖြစ်တဲ့ တလှုပ်လှုပ်နဲ့အလုပ်တွေရှုတ်နေတဲ့မေမေ။နေ့သစ် မေမေ့အနားသို့သွားကာ

"Morning မေမေ"

"ဟော သားနိုးနေပြီလား..မေမေကခဏနေတောင်လာ
နိုးတော့မလို့ ဒီမှာဘုရားပန်းအိုးတွေရေလှဲနေလို့..."

"သိနေတယ်လေ အဲ့ဒါကြောင့်သားအရင်ဆင်းလာတာ...သားရေချိုးခန်းထဲရောက်နေတုန်းမေမေလာနိုးနေရမှာစိုးလို့ ရေတောင်မချိုးရသေးဘူး အရင်လာပြောတာ.."

-နေ့သစ် စကားကြောင့်မေမေက ဖွဖွလေးပြုံးကာဖြင့်

"ဒါဆိုလဲရေချိုးပြီးမှပြန်ဆင်းခဲ့..မေမေ မနက်စာပြင်ထားပေးမယ်..ဟုတ်ပြီလား"

"ဟုတ်ကဲ့.."

"ရေချိုးရင် အကြာကြီးလုပ်မနေနဲ့အုံးနော်..မြန်မြန်ချိုးအအေးပတ်မယ်.."

"ဟုတ်ကဲ့ပါဗျ.."

-မေမေထိုသို့ မှာရခြင်းကလဲ ငယ်ငယ်ထဲက ရေချိုးရင်အရမ်းကြာတတ်တဲ့ နေ့သစ်ကြောင့်ပင်။အမေတစ်ခု သားတစ်ခု ဘဝမို့ တခြားအားကိုးစရာမရှိပါ။ငယ်စဥ်ကနေမကောင်းဖြစ်တိုင်းမေမေတယောက်ထဲ ဒုက္ခများခဲ့ရသည်။အခုနည်းနည်း အရွယ်ရောက်လာတာနဲ့ မေမေ့ကိုအလုပ်မပိုစေချင်တာမို့ ကျန်းမားရေးကိုလဲသေချာဂရုတစိုက်နေဖြစ်သည်။နေ့သစ်ရေချိုးခေါင်းပါလျော်နေတာမို့ ပြန်ထွက်လာတော့ 7နာရီတောင်ထိုးခါနီးနေပြီ။ခေါင်းကိုရေသေချာသုတ်ပြီးတော့ T-shirtအဝါနဲ့ဘောင်းဘီ ဒူးအတိအညိုတစ်ထည်ကိုတွဲဝတ်ပြီး ဗီရိုရှေ့က ကိုယ်လုံးပေါ်မှန်ရှေ့ရပ်၍ခြောက်လုခြောက်ခင်ဆံပင်ကို လက်နဲ့အနည်းငယ်ပုံသွင်းပြီးတဲ့အခါ မှန်တဲ့ကပုံရိပ်သဘောကျစွာကြည့်ရင်းပြုံးလိုက်မိသည်။
-နေ့သစ်အောက်ထပ်ရောက်တော့ မေမေက မနက်စာစားပြီးလို့ ဆိုင်ဖွင့်ဖို့အတွက်ပြင်ဆင်စရာရှိတာတွေတောင်ပြင်ဆင်နေပြီ။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now