Part-5(Unicode +Zawgyi)

92 7 0
                                    

Unicode

-ဒေါ်ယဥ်မေသူ သားဖြစ်သူကိုသေချာအကဲခတ်နေမိသည်။နောက်ဆုံးသိချင်တဲ့စိတ်က မနေနိုင်တော့ထုတ်ကာမေးဖြစ်သည်။

''သားအပြင်သွားမလို့လား...ချိန်းထားတာရှိလို့လား...''

''ဗျာ... မရှိပါဘူးမေမေရဲ့...ဘာဖြစ်လို့လဲ...''

-နေ့သစ်အဖြေကိုမေမေက မယုံဘူးဟူသည့်ပုံစံဖြင့်ကြည့်သည်။မနက်ထဲက သီချင်းလေးတအေးအေးနဲ့ တစ်ခါတလေ စိတ်လွတ်ကိုယ်လွတ်ပြုံးနေသေးသည်။အခုလဲဆိုင်ဝိုင်းခင်းပေးနေရင်း သီချင်းလေးတဆာဆာနဲ့။ထို့အပြင်ခါတိုင်းဝတ်နေကျ ဘောင်းဘီတို Shirtအင်္ကျီပွပွနဲ့ပေါ့ပေါ့ပါးပါးဝတ်တတ်သူက ဂျင်းဘောင်းဘီရှည်အပြာရင့်ရင့်နှင့် T-Shirt မိုးပြာရောင်ကိုဝတ်ထားကာ ပုံမှန်ဆို ဖြစ်သလိုထားတတ်တဲ့ဆံပင်တွေကို သေချာပုံသွင်းထားသေးသည်။တစ်ခါတစ်ရံ ပြတင်းပေါက်မှန်မှာ လာလာကြည့်ရတာလဲအမော။

''သားကိုကြည့်ရတာ အဝတ်အစားကအစသေချာဝတ်ထားပြီး ဒီနေ့တမူ ထူးခြားနေလို့လေ...''

-နေ့သစ်မေမေပြောမှ သတိထားမိသည်။သူအရမ်းများ Overဖြစ်သွားပြီလား မနက်ကအိပ်ရာလဲအစောကြီးနိုးနေကာ ရေချိူးအဝတ်အစားလဲနေတာကို အချိန်တော်တော်ယူလိုက်မိသည်။ဘာရယ်တော့မဟုတ်ပေမယ့် သူဒီနေ့ အရမ်းကိုကြည့်ကောင်းနေစေချင်တယ်။စိတ်လက်ပေါ့ပါးပြီး တော်တော်လေးလဲပျော်နေသလိုခံစားရမှန်း သူကိုယ်တိုင်လဲသတိထားမိသည်။ဘာကများပျော်ရွှင်စေတာလဲတော့ အဖြေမရှာမိပါ။

''သား ရည်းစားရနေတာများလား...ဘယ်ကကောင်မလေးလဲ မှန်မှန်ပြောနော်...''

''ဟာပေါက်ကတွေမေမေရာ...သားကဘယ်ကကောင်မလေးရှိရမှာလဲ...မရှိပါဘူးဗျာ...''

''အင်းပါ မရှိသေးရင်လဲထားပါ...ရှိရင်တော့မေမေ့ကိုပြောပြရမယ်နော်...ဒီသားအမိနှစ်ယောက်ထဲရှိတာကို လျှိုမထားနဲ့....''

''စိတ်ချပါမေမေရာ...သားရည်းစားထားရင် မေမေ့ကိုပြောပြမှာပါ...''

-နေ့သစ်မှာရည်စားရှိဖို့နေနေသာသာ ဘယ်ကောင်မလေးကိုမှရင်မခုန်ဘူးသေး။ကောင်မလေးတွေဘက်က ရေလာမြောင်းပေးရုံမက ဆည်ပါဖောက်ချရင်တောင်နေ့သစ်တို့က သူဝါသနာပါတဲ့စီးပွားရေးအကြောင်းတွေလောက်စိတ်မဝင်စား။ရင်ခုန်ဖို့ဆိုတာအဝေးကြီး။ရင်ခုန်ခဲ့ဖူးလားစဥ်းစားကြည့်တော့......တစ်စုံတစ်တစ်ယောက်...
ထိုတစ်ယောက်ကတော့နှစ်ကြိမ်တွေ့ခဲ့တာတောင်
နှစ်ကြိမ်လုံးမှာအသက်ရှူဖို့မေ့ရသူ
''အေးစက်စက်အကြည့်...
''တင်းတင်းစေ့ထားတဲနှုတ်ခမ်း...
''နူးညံခြင်းကင်းတဲ့ စကားသံ...
''မျက်တောင်ခပ်ဖို့အသက်ရှူဖို့
မေ့လောက်တဲ့အထိ ထိုသူ့အပေါ်နှစ်မြောနေမိတာက............. အင်း........ရင်ခုန်ခြင်းများလား....

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now