Part-13(Unicode +Zawgyi)

88 3 2
                                    

Unicode

-သန်းရှင်းသပ်ရပ်ကာ အဆင့်အတန်းမြင့်ပြီး တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ စားသောက်ဆိုင်ထဲတွင်မျက်နှာချင်းဆိုင်ကာ နေ့လည်စာစားနေတဲ့လူနှစ်ဦး

''ကိုမြတ်အကြောင်းကို ဖေဖေ့ဆီကအမြဲကြားနေကျပါ...အခုလိုလူချင်းတွေ့မှ ဖေဖေပြောတာမလွန်မှန်းသိတော့တယ်...ကိုမြတ်က တကယ်ကိုနုပျိုခန့်ညားပြီး ထက်မြတ်လွန်းတယ်...''

-ဦးမြတ်မင်းမောင် အကိုဖြစ်သူဦးမြတ်မင်းဝေ(ဝေလင်းအဖေ)ရဲ့စီစဥ်မှုဖြင့် ရှယ်ယာရှင်တစ်ဦးရဲ့သမီးနဲ့အတူနေ့လည်စာစားနေရခြင်းဖြစ်သည်။အခုချိန်ထိ အလုပ်ထဲမှာပဲဘဝကိုနှစ်ထားပြီး တစ်ယောက်တည်းအထီးကျန်နေမှာကို တော်တော်လေးစိတ်ပူနေပုံပေါ်သည်။ကိုယ်ကလဲ သူမှမဟုတ်ရင် ဘယ်ယောက်ျားမိန်းမကိုမှ ဘဝထဲခေါ်မထားနိုင်တာ ကိုယ်တိုင်သာအသိဆုံး။

''မနဒီကလဲ တကယ်ကိုလှပပြီးထက်မြတ်တယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့သိသာပါတယ်...''

-မြတ်မင်းပြောတော့ နဒီကရှက်ပြုံးလေးဖြင့်

''အဟင်း...ကိုမြတ်က နဒီ့ကိုမြှောက်နေပါပြီ...နဒီထက်မြတ်တယ်ဆိုတာကိုမြတ်ကိုဘယ်မှီပါ့မလဲ...BR Group ကိုဦးစီးလုပ်ကိုင်နိုင်တယ်ဆိုတာ တော်ရုံအရည်အချင်းမှမဟုတ်တာ...''

''ဒါကလဲ ကျွန်တော့်အကိုဦးဆောင်တဲ့နောက်ကနေ မြန်မာနိုင်ငံကစီးပွားရေးတချို့ကို စီမံပေးရရုံပါပဲ...''

''ကိုမြတ်ကလဲ ကိုယ့်ကိုကိုယ်နှိမ့်ချနေပြန်ပါပြီ...မြန်မာကလုပ်ငန်းတွေက ကိုမြတ်ဦးဆောင်ပြီးကိုမြတ်လက်ထဲမှာဆိုတာ အားလုံးအသိပါနော်...''

''အထင်မှားနေပြီဗျ...ကျွန်တော်ကခဏတာစီမံပေးရုံပါ...အကိုမင်းဝေရဲ့သားလေးအရွယ်ရောက်ရင်ဒီလုပ်ငန်းတွေအားလုံး သားငယ်လေးကိုလွှဲပေးမှာလေ...အခုကျွန်တော်က ခဏထိန်းသိမ်းပေးထားရုံပါ...''

-ထိုစကားကြားတော့နဒီ့မျက်နှာတစ်ချက်ပျက်သွားပေမဲ့ချက်ချင်းထိန်းလိုက်နိုင်သည်။ဒါကိုပင် မြတ်မင်းကလဲမြင်ဖြစ်အောင်မြင်သည်။

''ပြီးတော့တူလေးကိုလွှဲပြီးတာနဲ့ ကျွန်တော်ဝါသနာပါတဲ့ Coffee Barလေးပဲဖွင့်ဖို့စဥ်းစားထားပါတယ်...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now