Part-22(Unicode +Zawgyi)

47 1 0
                                    

Unicode

-မျက်နှာပေါ်သို့ကျရောက်လာတဲ့နေရောင်ခြည်စူးစူးကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။ပြီးမှမျက်လုံးကိုအားယူပြီးဖွင့်ကာ ကုတင်ပေါ်မှဆင်းရန်ငုတ်တုတ်ထိုင်လိုက်ပေမယ့်ထိုးကိုက်လာတဲ့ခေါင်းကြောင့် ကုတင်ပေါ်၌ပဲခဏထိုင်ကာခေါင်းကိုဖိကိုင်ထားရသည်။မနေ့ကငယ့်အုတ်ဂူဘေးမှာထိုင်သောက်နေတာအချိန်ဘယ်လိုကုန်ပြီးဘယ်လိုအိမ်ကိုပြန်ရောက်နေမှန်းလဲမမှတ်မိတော့ပါ။နောက်ကျိနေတဲ့ခေါင်းကရေပန်းအောက်ဝင်၍ရေအေးအေးဖြင့်ခေါင်းလျော်ရေချိုးပြီးကာမှလန်းလန်းဆန်းဆန်းဖြစ်သွားသည်။နာရီကြည့်တော့ 10နာရီထိုးနေပြီမို့အောက်ထပ်ကိုဆင်းလာတော့တိတ်ဆိတ်ကာဘယ်သူမှမရှိပေ။အခုရောက်နေတာမြို့စွန်နားကအိမ်ဖြစ်၍ခြံစောင့်ကလွှဲပြီးတခြားအလုပ်သမားတွေလဲမရှိကြ ။ထမင်းစားခန်းထဲဝင်လိုက်တော့ စားပွဲအုပ်စောင်းမှာစာရွက်လေးကပ်ထားတာကြောင့်ယူကြည့်လိုက်တော့

''Boss! မုန့်နဲ့ကော်ဖီပြင်ပေးထားခဲတယ်နော်...ဒီနေ့ရုံးပိတ်တော့ Bossအေးဆေးနားလို့ရအောင်မနိုးခဲ့တော့တာ...မနက်စာသေချာစားပြီးကောင်းကောင်းအနားယူပါ Boss...''

-ဥက္ကာလက်ရေးမှန်းတန်းသိလိုက်တာကြောင့် မနေ့ကဥက္ကာတစ်နေ့လုံးစောင့်နေပေးပြီးအိမ်ပြန်ပို့ပေးခဲ့မှန်းသိလိုက်ပြီ။မြတ်မင်း အပူခံဗူးလေးနဲ့ထည့်ပေးထားတဲ့ကော်ဖီပူပူနဲ့ကိတ်ကိုစားလိုက်သည်။ကော်ဖီကသူ့အကြိုက် ခါးခါးလေးမို့စိတ်ထဲကနေပဲဥက္ကာကိုချီးကျူးလိုက်သည်။ဖုန်းကိုကြည့်လိုက်တော့ Missed Callပေါင်းများစွာ။အများဆုံးခေါ်ဆိုထားသူကိုပြန်ခေါ်လိုက်တော့

*hello! ...ညီလေး...

''အင်း...ကိုကြီးဖုန်းတွေခေါ်ထားလို့...''

*မနေ့ကတနေ့လုံးဖုန်းခေါ်မရလို့...စိတ်ပူနေတာ...

''..........''

*အဆင်ပြေရဲ့လားညီလေး...

''လူကိုမေးတာဆိုရင်တော့ပြေပါတယ်...''

-တစ်ဖက်ကသက်ပြင်းချသံသဲ့သဲ့ကြောင့်မြတ်မင်းနှုတ်ခမ်းထောင့်တစ်ဖက်တွန့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now