Part-21(Unicode +Zawgyi) 🔞🔥🔥

76 1 0
                                    

Unicode

📢18+Warningပေးပါတယ်နော်။အဆင်မပြေတဲ့သူတွေကျော်ဖတ်သွားနိုင်ပါတယ်။

•••••

-ကစားကွင်းကပြန်လာတဲ့တလျောက်လုံး အသားချင်းလဲအထိမခံ စကားလဲမပြော ဆူပုပ်နေတဲ့သူကခြံရှေ့လဲရောက်ရော

''မင်းအိမ်မင်းပြန်တော့လေ...ဘာလိုက်လုပ်မလို့လဲ...''

''ဟာ...မောင်မဟုတ်တော့ဘူးလား...''

''ီးမောင်ပါ့လာ...သွားမင်းအိမ် မင်းပြန်တော့...''

''မဟုတ်သေးဘူးလေသျှိုင်းရာ...မောင့်ကိုဘာတွေစိတ်ဆိုးသွားတာလဲ...မောင်ကောင်မလေးတွေကို ဓာတ်ပုံရိုက်ပေးနေလို့လား...''

''ဓာတ်ပုံရိုက်ပေးနေလို့ဆိုတာထက်...မင်းအဆင်မပြေရင်ပွင့်ပွင့်လင်းလင်းပြောလိုက်လေ...ဟိုကတစ်ပုံလောက်တစ်ပုံလောက်ဆိုတာနဲ့ မင်းကအားနာပါးနာ ဘယ်အချိန်ထိရိုက်ပေးနေမှာလဲ...''

''အင်းပါ မောင်သိပါပြီ...နောက်ဆိုသတိထားပါ့မယ်...မောင့်ကိုစိတ်မဆိုးနဲ့တော့နော်...''

-ဝေလင်းသက်ပြင်းတစ်ချက်ချကာ စိတ်လျော့လိုက်ပြီး

''ထားပါတော့ မင်းလဲနားတော့လေ...တစ်နေ့လုံးငါ့နောက်လျောက်လိုက်နေရတာ ပင်ပန်းမှာပေါ့...ပြန်နားတော့လေ...''

''မပြန်ပါဘူး...''

''ဟမ်!! ...မပြန်ဘူးဆိုတော့ငါ့အိမ်လိုက်ခဲ့မလို့လား...''

''အင်း...''

''.........''သျှိုင်းကဘာမှပြန်မပြောပဲပြူးကြည့်လာတာကြောင့်

''မေမေကိုတောင် ဖုန်းဆက်ပြီးပြီ...သျှိုင်းအိမ်မှာပဲအိပ်တော့မယ်လို့ပြောထားတာ...''

''မင်းကိုဘယ်သူက အိပ်ခိုင်းလို့လဲ...''

''ဟာ...မောင်ပြောပြီးသားလေ...ဒီနေ့တနေ့လုံးသျှိုင်းနဲ့အတူရှိနေမှာပါဆို...မောင့်ကိုည '12'နာရီမှာတော့အိမ်မပြန်ခိုင်းဘူးမဟုတ်လား...''

''ဟမ်!! ...''

''အာ ဟုတ်သားပဲ,..သျှိုင်းအိမ်ထဲဝင်နှင့်နော်...မောင်ခဏနေလိုက်လာခဲ့မယ်...''

-ပြောပြီးတာနဲ့ တစ်ဖက်ကသူတို့ခြံထဲပြေးသွားတဲ့နေ့သစ်ကို ဝေလင်းကြောင်ကြည့်နေမိသည်။အခုနက အိမ်ပြန်ပါဆိုတာကို မပြန်ဘူးအတင်းငြင်းနေသူကအခုကျတော့အိမ်ထဲပြေးဝင်သွားတာကြောင့်ဝေလင်းနားမလည်နိုင်ဖြစ်ရသည်။ခဏနေနောက်ကလိုက်လာမယ်ဆိုသူကြောင့်ဝေလင်းအခန်းထဲရောက်တော့ တံခါးလော့ခ်မချထားပဲစေ့ရုံပဲစေ့ထားလိုက်သည်။တနေ့လုံးနီးပါးလျောက်သွားထားတာကြောင့် ညီးညီးစီစီဖြစ်နေ၍ရေချိုးဖို့ပြင်ရသည်။ရေချိုးခေါင်းလျော်ကာအချိန်အတော်ကြာမှပြန်ထွက်လာတော့ နေ့သစ်ကသူ့အခန်းထဲပြန်ရောက်နေပြီး ဆိုဖာပေါ်မှာလဲအဝတ်အစားတွေတင်ထားသေးသည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now