Part-20(Unicode +Zawgyi)

45 1 0
                                    

Unicode

''ငါတောင်းချင်တဲ့ဆုက...''

-ဝေလင်းဆက်မပြောသေးပဲနေ့သစ်ကို သေချာကြည့်၍အသက်ပြင်းပြင်းရှူကာ ပြီးမှဖြေးဖြေးချင်းလေမှုတ်ထုတ်လိုက်ပြီး

''မင်းငါ့အပိုင် ဖြစ်ပေးပါ...ငါတစ်ယောက်တည်းရဲ့အပိုင်...ဘယ်သူနဲ့ပဲယှဥ်လာလာငါ့ကိုဦးစားပေးပြီးငါ့ကိုပဲရွေးချယ်ပေးပါ...''

''........''

''ငါကအတ္တကြီးတယ်မလား...မင်းမပေးနိုင်ရင်တော့အတင်းမတောင်းဆိုဘူး...မင်းပေးနိုင်ရင်တော့ တစ်သက်စာ ကတိပေးပါ...ဒါကငါ့ရဲ့မွေးနေ့ဆုတောင်းပဲ...''

-ဝေလင်းကိုဘာမှပြန်မဖြေပဲရပ်ကြည့်နေတဲ့နေ့သစ်ကြောင့် သူမဖြစ်နိုင်တာကိုပြောလိုက်မိပြီဆိုတဲ့အတွေးတွေသာဝင်လာသည်။စက္ကန့်တပတ်စာအချိန်တစ်ခုရောက်တော့ ငြိမ်ပြီနားထောင်နေတဲ့နေ့သစ်ကအပြုံးအရယ်မရှိ၊အတက်အကျမရှိတဲ့လေသံနဲ့

''ဖယောင်းတိုင်မီးမှုတ်လိုက်တော့...''

''အဟက်!! ...''

-ဝေလင်း ခပ်ရွဲ့ရွဲ့ပဲရီလိုက်မိသည်။မျှော်လင့်ထားသလို အခြေအနေမျိုးမို့ မတုန်လှုပ်ပေမယ့် စိတ်ထဲမှာတော့ ထပ်ဆုတောင်းမိပြန်တာက 'ဒီလူသားဟာ ကျွန်တော့အပိုင်ဖြစ်ပါရစေ'။ဝေလင်းစိတ်ထဲမှဆုတောင်းရင်း ဖယောင်းတိုင်မီးကိုမှုတ်လိုက်သည်။ပြီးတာနဲ့နေ့သစ်ကိုကျော်ပြီးဘေးကထွက်သွားဖို့ပြင်နေတုန်း cakeကိုလက်တစ်ဖက်ကကိုင်ထားကာ ကျန်လက်တစ်ဖက်ကဝေလင်းလက်မောင်းကိုကိုင်လိုက်တဲ့နေ့သစ်ကြောင့် ဝေလင်း နေ့သစ်မျက်နှာကိုကြည့်လိုက်တော့မျက်ဆံညိုညိုလေးတွေကတည်ကြည်လေးနက်စွာနဲ့ဝေလင်းမျက်လုံးကိုသေချာစိုက်ကြည့်ကာ

''အခုကစပြီး မင်းရဲ့မွေးနေ့ဆုတောင်းကပြည့်သွားပြီလို့ သတ်မှတ်လိုက်တော့...''

''........''

''သျှိုင်း ငါ့ကိုမင်းပိုင်တယ်...မင်းတစ်ယောက်တည်းရဲ့အပိုင်...ဘယ်သူနဲ့ပဲယှဥ်လာယှဥ်လာငါ့ရဲ့ရွေးချယ်မှုကမင်းပဲဖြစ်နေစေရမယ်...မင်းသာတောင်းဆိုရင်ငါ့အသက်ပေးဆိုလဲငါကပေးမယ်...အခုကစပြီးငါ့ရဲ့ကိုးကွယ်ရာက သျှိုင်းဝေလင်းမောင်ပဲ...ငါကတိပေးတယ် တစ်သက်စာဆိုတာထက် မင်းသာအလိုရှိရင်သံသရာအဆက်ဆက်အတွက်ကတိပေးတယ်...ငါမင်းကိုအရမ်းချစ်တာ သျှိုင်း...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now