Part-16(Unicode +Zawgyi)

55 2 0
                                    

Unicode

-နေ့သစ်အိမ်ပေါ်ပြန်တက်လာတော့ ခုံမှာထိုင်နေတဲ့သုတက

''မင်းဘယ်တုန်းက အခန်းထဲကိုတခြားလူပေးဝင်တတ်သွားတာလဲ...''

-နေ့သစ်ကပြန်မဖြေပဲ ပြုံးစစဖြင့် ဘေးမှာဝင်ထိုင်တော့

''ငါဝင်ရင်တောင် အတင်းဆွဲထုတ်နေတာမဟုတ်ဘူးလား...မင်းနဲ့ဝေလင်းကြား ငါမသိတာတစ်ခုခုရှိနေတာလား...''

-ခါတိုင်းနဲ့မတူ အမြဲပြုံးရွှင်ကာပျော်ပျော်နေတတ်တဲ့သုတက ခပ်တည်တည်ဖြစ်နေတာကြောင့် နေ့သစ် သုတပခုံးတစ်ဖပ်ကိုကိုင်ကာ

''ဘာတွေလောနေတာလဲ သားကြီးရာ...ဖြေးဖြေးမေးပါ...ပြောပြမှာပေါ့...''

''ငါအတည်မေးနေတာ နေ့သစ်...''

''ဟူးးး ငါ သျှိုင်းကိုသဘောကျတယ်...မဟုတ်သေးဘူး...ချစ်နေမိတာ...ချစ်နေတာလို့ပြောမှပိုမှန်မှာ...''

-သက်ပြင်းတစ်ချက်ချကာပြောလိုက်တဲ့နေ့သစ်စကားကြောင့် သုတမျက်ဝန်းတွေအဆမတန်ပြူးကျယ်သွားသည်။နေ့သစ် သုတကိုတစ်ချက်ကြည့်ကာ

''မင်းလန့်သွားမယ်ဆိုတာ ငါထင်ပြီးသားပါ...ငါကိုယ်တိုင်လဲ သိသိချင်းအရမ်းကိုမယုံနိုင်ဖြစ်ခဲ့ရတာ...ငါပထမဆုံးရင်ခုန်ရတဲ့ မြတ်မြတ်နိုးနိုးနဲ့ချစ်ရတဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေမယ်လို့ ငါကိုယ်တိုင်လဲဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး''

''ဒါဆို မင်းက ဂေးလား...''

-နေ့သစ်မျက်မှောင်ကြုတ်လိုက်ပေမဲ့ ချက်ချင်းပဲမျက်ခုံးတန်းတွေကို ဖြေလျော့ကာ

''ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို ချစ်နေမိတာကို ဂေးလို့သတ်မှတ်ရင်...အင်းးး...ငါဟာဂေးတစ်ယောက်ပါပေါ့...''

''ငါတကယ် အံ့သြမိတယ်...မင်းကိုယောက်ျားလေးတွေကိုကြိုက်လိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး...''

''မဟုတ်ဘူး သုတ...ငါယောက်ျားတွေကိုကြိုက်တာမဟုတ်ဘူး...ရှင်းရှင်းပြောရရင် ယောက်ျား မိန်းမဆိုတဲ့အမြင်တွေမပါပဲ...သျှိုင်းကိုပဲ...သျှိုင်းမို့လိုချစ်တာ...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now