Part-18(Unicode +Zawgyi)

48 2 0
                                    

Unicode

-ဂျပန်စာ စားသောက်ဆိုင်တစ်ခုရဲ့ VIP Roomတစ်ခုတွင် suitအပြည့်အစုံနဲ့လူတစ်စုမှာ အကြောင်းအရာတစ်ခုအားအကျိတ်အနယ်ဆွေးနွေးလျက်ရှိသည်။ထိပ်ဆုံးတွင်ထိုင်နေသော နေဗီပြာ suitဝတ်ထားတဲ့သူကတော့စားပွဲပေါ်တံတောင်ဖြင့်ထောက်လျက်လက်ဖဝါးနှစ်ကိုယှက်ပြီးချိတ်ထားကာ အခန်းတွင်းရှိလူအားလုံးကိုအကဲခတ်ကြည့်နေသည်။ဘေးခုံမှာတော့ အတွင်းရေးမှူးဆိုသူက Fileတစ်ခုကိုင်လျက်ငြိမ်သက်နေသည်။

''လူကြီးမင်းတို့ကို ကျွန်ပြောထားသလိုပဲ မနစ်နာရအောင်အတတ်နိုင်ဆုံးဖြေရှင်းပေးတာပါ...အခုပြဿနာက တော်တော်နဲ့မပြီးနိုင်သေးသလို ပိုဆိုးလာနိုင်တယ်ဆိုတာအားလုံးလဲသဘောပေါက်မယ်ထင်ပါတယ်...ကျွန်ကအချိန်မလွန်ခင်လူကြီးမင်းတို့ရွေးချယ်လို့ရအောင်အခုလိုစီစဥ်လိုက်ရတာပါ...နှစ်ရှည်လက်တွဲလာတဲ့မျက်နှာတွေကြောင့် မျက်နှာပျက်စရာတွေမဖြစ်ခင်မှာကြိုတင်ပြီးရှယ်ယာတွေပြန်ထုတ်ပေးတာပါ...လက်ရှိပြဿနာတွေဖြေရှင်းပြီးလို့ပုံမှန်လည်ပတ်နိုင်ပြီဆိုရင်တော့ ဆန္ဒရှိရင်လူကြီးမင်းတို့ကိုပဲဦးစားပေးလက်တွဲသွားမှာပါ...''

-မြတ်မင်း စကားဆုံးတာနဲ့ ရှေ့ကငြိမ်သက်စွာနားထောင်နေတဲ့လူတစ်စုကတစ်ယောက်တစ်ပေါက်တီးတိုးတိုင်ပင်သံတို့ဟိုတစ်စဒီတစ်စထွက်ပေါ်လာသည်။မြတ်မင်းထိုအခြေနေကိုကြည့်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။ခဏအကြာတွင်တော့

''ကျုပ်တို့ကိုပေးထားတဲ့ ကတိကိုတည်ပေးပါ...ဒါဆိုရင်တော့ အခုကိုမြတ်မင်းမောင်ရဲ့ကမ်းလှမ်းချက်ကိုကျုပ်တို့ဘက်ကလက်ခံပါတယ်...''

''စိတ်ချပါ ကျွန်တော်ပေးထားတဲ့ကတိကိုတည်စေရပါ့မယ်...လူကြီးမင်းတို့ဘက်ကလဲ အခုကိစ္စကိုဒီအခန်းထဲမှာပဲအဆုံးသတ်ပြီး ဒီထဲကထွက်သွားတာနဲ့ ဘာကိစ္စမှမရှိခဲ့သလိုနှုတ်လုံပေးဖို့သတိပေးထားပါရစေ...''

''စိတ်ချပါ ကိုမြတ်မင်းမောင်...ကျုပ်တို့ဘက်ကနှုတ်လုံစေဖို့အတွက်အာမခံပါတယ်...''

''ကောင်းပါပြီ...ဒါဆိုအားလုံးစာချုပ်မှာလက်မှတ်ထိုးပေးကြပါအုံး...ဥက္ကာ အားလုံးကိုစာချုပ်လေးတွေပေး ပေးပါအုံး...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now