Part-17(Unicode +Zawgyi)

49 1 0
                                    

Unicode

-မနက်အိပ်ရာနိုးတာနဲ့ ဝေလင်းဖုန်းအားသွင်းဖို့အလုပ် Message ဝင်လာသဖြင့် ကြည့်လိုက်တော့ ''Nyae Thit''ဆိုသည့်ပေးပို့သူလေး

''Morning ပါသျှိုင်း..ချစ်တယ်နော်...''

-ဝေလင်း စာတိုလေးကိုကြည့်ပြီးတာနဲ့မျက်နှာထက်မှာအပြုံးပန်းတွေဝေဆာလာသည်။ညကလဲ ''Good Night,Sweet Dream...'' ဆိုတဲ့စာလေးရောက်လာသည်။နေ့သစ်ကပြောခဲ့တဲ့အတိုင်း သူ့ရဲ့မကုန်ဆုံးနိုင်တဲ့အချစ်တွေကိုစပြီးပေးနေပြီ။ဒါဆိုသူကရော သူ့ဘက်ကဘယ်လိုတုန့်ပြန်မှုမျိုးကိုပြန်ပေးသင့်လဲ။နေ့သစ်ကိုခင်တွယ်နေမိတာမှန်ပေမယ့် တစ်ခါလေးမှယောက်ျားတစ်ယောက်ကိုချစ်သူရည်းစားအဖြစ်စိတ်ပင်မကူးခဲ့ဖူးဘူး။ဒါကြောင့် ငြင်းလိုက်မလားဆိုတော့လဲ တွေးကြည့်ရုံနဲတင် နှလုံးသားကစူးနေအောင်နာသည်။မနေ့က နေ့သစ်ရုတ်တရက်ကြီးနမ်းတော့လန့်သွားတာမှန်ပေမယ့်နေ့သစ်ဘက်ကရပ်လိုက်တာတောင်သူ့ဦးနှောက်ကထိန်းချုပ်ခံလိုက်ရသည့်နှယ်ဘာကိုမှမစဥ်းစားနိုင်တော့ပဲ သူကိုယ်တိုင်စိတ်လိုလက်ရပြန်နမ်းခဲ့လိုက်မိသည်။တွေးနေရင်းမှ ရင်ခုန်သံတွေမြန်လာကာ ကိုယ့်နှုတ်ခမ်းကို လက်မလေးဖြင့်ဖွဖွလေးပွတ်ကြည့်တော့ မနေ့ကအထိအတွေကပြန်လည်အသက်ဝင်လာသလိုခံစားရတာမို့ ခေါင်းကိုမြန်မြန်ခါထုတ်လိုက်ရသည်။သို့ပေမယ့် ထွက်မသွားချင်တဲ့ Memory တို့က ဦးနှောက်ကနေတစ်ဆင့် နှလုံးသားထဲထိစီးဝင်ဖြတ်သန်းပြီး ထိုမှတစ်ဆင့်နှုတ်ခမ်းပါးတို့က ထိန်းချုပ်မရစွာ သွားတက်ဖွေးဖွေးလေးတွေပေါ်သည်အထိပြုံးနေမိတော့သည်။ဝေလင်းပြုံးရွှင်စွာနဲ့ပဲ ရေချိုးပြီးမြန်မြန်ကျောင်းသွားရန်ပြင်ဆင်လိုက်သည်။

-ကျောင်းရောက်တော့ နေ့သစ်ကအရင်ရောက်နေကာ ဝေလင်းစားပွဲပေါ်မှာတော့ ဗူးနှစ်ဗူးတင်ထားတာတွေသည်။နေ့သစ်က သူ့ကိုတွေ့တာနဲ့ သုတနဲ့စကားပြောနေခြင်းကိုရပ်လိုက်ကာ သွားတန်းညီညီလေးတွေပေါ်အောင်ပြုံးပြလာသည်။ဝေလင်းခုံမှာဝင်ထိုင်ရင်းစားပွဲပေါ်ကိုဗူးကိုကြည့်နေတော့

''မင်း မနက်စာသေချာမစားထားဘူးမလား...ငါနည်းနည်းပြင်ပေးလာတာ...အရင်ဆုံးစားလိုက်ပါလား...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now