Part-19(Unicode ) Happy Birthday

42 2 0
                                    

Unicode

-ဒီနေ့သုတကကျောင်းပျက်တော့ ကန်တင်းမှာနေ့သစ်နဲ့ဝေလင်းနှစ်ယောက်တည်းနေ့လည်စာစားဖြစ်သည်။ဝေလင်းကန်တင်းထွက်လာကတည်းကအပေါ့သွားချင်နေတာမို့ အခုတော့ကိစ္စကထိပ်ဝရောက်နေပြီ။ ထမင်းမြန်မြန်စားချိုင့်တွေသိမ်းကာ Toilet သွားဖို့ပြင်ရသည်။

''ငါ Toilet ခဏသွားလိုက်အုံးမယ်...''

''ငါလိုက်ခဲ့မယ်လေ...အရင်တစ်ခါလိုရန်စခံနေရအုံးမယ်...''

''ရတယ်မလိုက်နဲ့ မင်းထမင်းပြီးအောင်ပဲဆက်စားပါ...ပြီးတော့ငါ့လက်သန်ကြောင့် ဘယ်သူမှငါ့ကိုရန်လာစရဲမှာမဟုတ်တော့ဘူး...''

''အင်း ဒါဆိုဂရုစိုက်သွားအုံး...''

''အင်း...phထားခဲ့မယ်...''

-သျှိုင်းကနေ့သစ်နားမှာ ဖုန်းချထားခဲ့ပြီးထွက်သွားသည်။သျှိုင်းထွက်သွားပြီးတာနဲ့ သျှိုင်းဖုန်းက Message ဝင်လာသဖြင့်ကြည့်လိုက်တော့ ''Lay Lay'' ဆိုသည့်နာမည်ဖြင့်။နေ့သစ်ဒီတိုင်းထားလိုက်ဖို့ပြင်လိုက်ပြီးမှ noti barမှာမြင်လိုက်ရတဲ့ Birthday ဆိုတဲ့စာလေးကြောင့်စိတ်ကလက်ထက်စောကာ noti barကိုဆွဲချပြီးဖတ်လိုက်မိသည်။

(A/N-ဒီနေရာမှာပြောပြချင်တာက နေ့သစ်Povကဆို သျှိုင်းဝေလင်းမောင်ကို သျှိုင်းလို့ခေါ်တာကြောင့် သျှိုင်းလို့ပဲသုံးထားပါတယ်။ဝေလင်း Povမှာဆို သူ့ကိုယ်သူရော အများကရောခေါ်တဲ့ ဝေလင်းကိုသုံးထားပါတယ်။
(ဥပမာ-ဝေလင်း povဆို ဝေလင်း နေ့သစ်အနားမှာဖုန်းထားခဲ့လိုက်သည်။နေ့သစ် Povဆို သျှိုင်းကနေ့သစ်နားမှာဖုန်းထားခဲ့သည်။)တချို့ကသျှိုင်းနဲ့ဝေလင်းနှစ်ယောက်ကိုခွဲမြင်နေကြတာမို့ရှင်းပြရတာပါ😊😊)

''Sorry ပါသားငယ်ရေ...မနက်ဖြန် သားငယ်ရဲ့ Birthday မှာလေးလေးရှိပေးချင်ပေမယ့် အရေးကြီးကိစ္စရှိလို့ပဲခူးဘက်ရောက်နေတာမို့လေးလေးပြန်မလာနိုင်လောက်တော့ဘူး...အတူတူရှိမပေးနိုင်လို့လေးလေးတောင်းပန်ပါတယ်ကွာ...16နှစ်ပြည့်မွေးနေ့အတွက် Happy Birthday ပါ...လက်ဆောင်သားငယ်ကြိုက်တာရွေးထားလိုက်နော်...''

-နေ့သစ် စာဖတ်ပြီးတော့ဖုန်းကိုပဲတွေတွေကြီး ကြည့်နေမိတာဘယ်လောက်ကြာသွားလဲတောင်မသိ။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now