Part-2(Unicode+Zawgyi)

168 8 0
                                    

(Unicode)

-ဝေလင်းရေချိုး အဝတ်အစားလဲပြီးအောက်ဆင်းလာတော့ လေးလေးက ဧည့်ခန်းမှာထိုင်ကာ Macbook တစ်လုံးနဲ့အလုပ်လုပ်နေရင်းမှလှမ်းကြည့်လာသဖြင့်

''ကုမ္ပဏီ မသွားရဘူးလား လေးလေး...''

''ဟုတ်တယ် သားငယ်...ဒီနေ့ဟိုဘက်အိမ်ပြောင်းဖို့ ပစ္စည်းတွေရွေ့နေတာဆိုတော့မသွားတော့ဘူး...သားငယ်အိပ်ရာထနောက်ကျနေတာလား...ညကစောစောမအိပ်ပြန်ဘူးလား..ဟင်..''

''ဟုတ်တယ် လေးလေး..ကျွန်တော်ညကနည်းနည်းနောက်ကျမှအိပ်ရာဝင်ဖြစ်လို့..''

''ဟုတ်ပါပြီထားပါ..သားငယ် မနက်စာအရင်သွားစားလေ.. ပြီမှလေးလေးနဲ့ စကားခဏပြောရအောင်..လေးလေးပြောစရာရှိတယ်..''

''ဟုတ်ကဲ့ လေးလေး..''

-ထမင်းစားခန်းထဲဝင်တော့အန်တီစိုးကအပြေးလွှားရောက်လာကာ

''သခင်လေးမနက်စာ စားတော့မှာမလား...အန်တီစိုး နန်းပြားခေါက်ဆွဲပြင်ထားပေးတယ် ခဏပဲစောင့်နော်..''

-ဝေလင်းမနက်စာစားပြီးတော့လေးလေးက ပြောစရာရှိတယ်ဆိုထားသဖြင့် ဧည့်ခန်းထဲသို့ပြန်ဝင်လာရသည်။

''စားပြီးပြီလား သားငယ်... လာထိုင်''
-ဝေလင်းလေးလေးရှေ့ကဆိုဖာမှာဝင်ထိုင်လိုက်ပြီး

''လေးလေး ကျွန်တော့ကိုပြောစရာရှိတယ်ဆို..''

''အင်းဟုတ်တယ်သားငယ်..မနက်က သားငယ်ဖုန်းကစက်ပိတ်ထားလို့ဆိုပြီး လေးလေးကိုသားငယ်Daddy ဖုန်းဆက်သေးတယ်...သားငယ်ကိုသူတို့နဲ့လာနေစေချင်ပုံပဲ...''

-ဝေလင်းဘာစကားမှပြန်မပြောပဲနေတော့ လေးလေးကစကားဆက်သည်

''သားငယ်မိဘတွေဆီသွားနေချင်လား..ဒီလိုမေးတာကသားငယ်ကိုလေးလေးခေါ်မထားချင်လို့မဟုတ်ဘူးနော်..သိတဲ့အတိုင်း..ဒီနောက်ပိုင်းလေးလေးကလဲ အလုပ်တွေများနေတော့သားကိုပစ်ထားသလိုဖြစ်နေလို့လေ...လေးလေးကသားငယ်ဆန္ဒကိုမေးတာပါ..''

-ဝေလင်းနှုတ်ခမ်းလေးအနည်းငယ်ကော့တတ်ရုံပြုံးလိုက်သည်။လေးလေးဆိုတာအမြဲထိုသို့သောလူပင် ဝေလင်းဆန္ဒမပါရင်ဘယ်တုန်းကမှအတင်းအကျပ်မတိုက်တွန်း။ထို့အပြင် ငယ်ငယ်ထဲကမိဘတွေနဲ့ခွဲနေရတဲ့တူလေးမို့ အရမ်းလဲအလိုလိုက်သည်။နောက်ဆုံး ဝေလင်းရန်ဖြစ်ပြဿနာတတ်လို့လိုက်ရှင်းရတဲ့အခါမှာတောင် ဆူပူကျိန်းမောင်းငြိုငြင်ခြင်းဆိုတာဘယ်တုန်းကမရှိခဲ့ပါ။ကျောင်းကဆရာ/မများရော ပတ်ဝန်းကျင်ကပါ ဝေလင်းကို BR Groupက ဦးမြတ်မင်းဝေနဲ့ ဒေါ်ဥမ္မာလင်းတို့သားဆိုတာထက် Daddyမွေးစားညီဖြစ်တဲ့ ဦးမြတ်မင်းမောင်ရဲ့တူအဖြစ်သာအသိများကြသည်။ဒါကြောင့်ဝေလင်းကတစ်ခုခုဆိုရင် မိဘတွေထက်လေးလေးကိုသာပိုခင်တွယ်သည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now