Part-7(Unicode +Zawgyi)

76 4 0
                                    

Unicode

"နေ့သစ်ရေ...နေ့သစ်..''

-နေ့သစ်စျေးသွားဖို့စက်ဘီးထုတ်ရန်ပြင်နေတုန်း ခြံရှေ့တွင်သုတရောက်လာကာ နေ့သစ်ကိုတကျော်ကျော် အော်ခေါ်လို့နေသည်။

''ဟ..စောစောစီးစီး အော်ကြီးဟစ်ကျယ်နဲ့...''

''ဟီး..မင်းစျေးသွားမှာမလား...ငါပါလိုက်ခဲ့မယ်...''

''မင်းကစျေးလိုက်မယ်ပြောရအောင် စျေးထဲရောက်ရောရောက်ဖူးလို့လား သူဌေးသားရဲ့...စျေးထဲမှာလူက ရှုပ်ကရှုပ်နဲ့...နေခဲ့စမ်းပါကွာ...''

''ဟာာ...အိမ်မှာ Mommy ကပွားနေလို့ပါဆိုကွာ...အခုတောင်မင်းနဲ့မုန့်သွားစားအုံးမယ်ဆိုပြီးလစ်လာတာ...လုပ်ပါကွာ...ငါမနက်စာလဲမစားရသေးဘူး...စျေးရောက်မှတစ်ခုခုစားကြမယ်လေ...ငါဝယ်ကျွေးမယ်...စက်ဘီးလဲပါတယ်မင်းစက်ဘီးယူမနေနဲ့တော့...''

''အေး ပါ ကွာ....ခဏစောင့်နေအုံး...ပိုက်ဆံနဲ့ စာရင်းစာရွက်ယူလိုက်အုံးမယ်...''

-စျေးရောက်တာနဲ့မုန့်သွားစားဖို့ပြင်နေတဲ့သုတကြောင့် နေ့သစ်မှာ စျေးအရင်ဝယ်ဖို့အတင်းဆွဲခေါ်ရပြန်သည်။နေမြင့်ရင် မေမေမှာထားတဲ့အတိုင်းအတိအကျမရမှာစိုးတာကြောင့်စျေးအရင်ဝယ်ရသည်။စျေးဝယ်ပြီးတာနဲ့ စျေးအပြင်ဘက်လဖ္ဘက်ရည်ဆိုင်မှာထိုင်၍ သုတကထမင်းကြော်ကိုကြက်ဥကြော်နဲ့စားကာ လဖ္ဘက်ရည်တစ်ခွက်သောက်သည်။နေ့သစ်ကတော့ အိမ်ကနေမနက်စာစားပြီးသားမို့ လဖ္ဘက်ရည်တစ်ခွက်သာမှာသောက်ရင်း သုတကိုစောင့်ပေးရသည်။စားသောက်ငွေရှင်းပြီးတာနဲ့ သုတက စက်ဘီးအပ်တဲ့နေရာကနေ စက်ဘီးသွားထုတ်နေတာမို့ နေ့သစ်ဆိုင်ပြင်မှာမတ်တပ်ရပ်စောင့်နေလိုက်သည်။ထိုစဥ်

''နေ့သစ်...စျေးလာဝယ်တာလား... နေ့သစ်နဲ့ အခုလိုတွေ့ရတာပျော်လိုက်တာ..ဟီးးး....''

-နေ့သစ်အနားသို့ အပြေးတပိုင်းနဲ့ရောက်ချလာကာ ဝမ်းသာအားရနှုတ်ဆက်နေတာက ကိုးတန်းနှစ်ကနေ့သစ်တို့စာသင်ခန်းထဲက သီရိဆိုတဲ့ကောင်မလေး။တစ်နှစ်လုံးအတင်းတွေလိုက်ကပ် စကားတွေလာလာပြောလဲ နေ့သစ်ကတော့ခပ်တန်းတန်းသာပြန်ပြောဖြစ်သည်။နေ့သစ် ပြုံးရုံလေးပြုံးပြပြီးစကားမပြောပဲနေတော့လဲ တစ်ယောက်ထဲစကားဆက်ပြောသည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now