Part-10(Unicode+Zawgyi)

85 5 0
                                    

Unicode

-ဒီနေ့ ကျောင်းစတက်ရတဲ့နေ့ဖြစ်၍နေ့သစ် မနက်8နာရီမထိုးခင်ထဲက ဟင်းချိုင့်ဝေလင်းကိုပို့ပေးခဲ့ပေမယ့် လူကိုတော့မတွေ့ခဲ့ရ။ဝေလင်းလဲ ဒီနေ့ကျောင်းစတက်ရမည့်အပြင်ကျောင်းပြောင်းရမှာကြောင့်အလုပ်ရှုပ်နေတာဖြစ်မည်။နေ့သစ် လမ်းထိပ်မှာစောင့်နေပြီဖြစ်တဲ့ School Busပေါ်ရောက်တော့ သုတကနေရာဦးပေးထားကာ လက်လှမ်းပြနေသဖြင့် သုတဘေးဝင်ထိုင်လိုက်သည်။

''နေ့သစ် မင်းတော့မသိဘူး...ငါကတော့ ကျောင်းတွေပြန်တက်ရတော့ အရမ်းပျော်ပြီးစိတ်လှုပ်ရှားနေပြီ...မင်းရော...''

''မင်းတစ်ယောက်ထဲသာဖြစ်နေတာ...ဘယ်သူမှမင်းလောက်စိတ်လှုပ်ရှားနေမှာမဟုတ်ဘူး...ဘာလို့လဲကျောင်းမှာမင်းကြိတ် Crush နေတဲ့ကောင်မလေးရှိလို့လား...''

-နေ့သစ်အပြောကို သုတကမဲ့ရွဲ့ပြကာ

''ဘယ်ကောင်မလေးမှ Crush မနေဘူး...ရှိတဲ့မိန်းကလေးတွေကမင်းကိုပဲ Crush နေတာနဲ့ဘယ်သူ့မှလဲသွားပြီး Crush လို့ရမှာမဟုတ်ဘူး...''

''ဒါကတော့ငါ့ရဲ့အားနည်းချက်လေ...မြင်သူတိုင်းချစ်ချင်နေကြတာတော့ငါလဲမတတ်နိုင်ဘူး...ဟားဟားးး''

''ခွေးကောင်အရှက်မရှိပြောထွက်ရဲတယ်...''

-အခု သူတို့တက်နေတဲ့ Private School က'၉တန်း ၁၀တန်း'သာသင်သည့် Private School ဖြစ်ကာအတော်များများကျောင်းသူတွေကနေ့သစ်ကိုသဘောကျကြသည်။ စာလဲတော်၊ရုပ်ကချော၊အရပ်ရှည်ရှည်နဲ့ မျက်နှာချိုကာသဘောကောင်းတဲ့ နေ့သစ်ကို'၉တန်း'သာမက'၁၀တန်း'ကမမများကပါကြွေသည်အထိ မနှစ်ကတစ်နှစ်လုံးနေ့သစ်တို့ကနာမည်ကြီးသည်။'၉တန်း'နဲ့'၁၀တန်း'နှစ်ဆောင်ခွဲထားကာ '၁၀တန်း'နှစ်ထပ်ဆောင်တွင် အောက်ထပ်က Bio ဆောင်ဖြစ်ပြီး အပေါ်ထပ်က Eco ဆောင်ဖြစ်သည်။နေ့သစ်က စာတော်သော်လဲ ဆရာဝန်တို့ အင်ဂျင်နီယာတို့စိတ်မဝင်စား သူ့အိမ်မက်ကအောင်မြင်တဲ့စီးပွားရေးရှင်ဖြစ်ချင်တာမို့ Eco သာယူသည်။အပေါ်ထပ် Eco ဆောင် E1 အခန်းထဲတွင် ယောက်ျားလေးRoll နှစ်တန်းနဲ့ မိန်းကလေး Roll နှစ်တန်းစီရှိကာ အရပ်ရှည်တဲ့နေ့သစ်နဲ့သုတက ယောက်ျားလေး Roll နောက်ဆုံးတန်းရဲ့ရှေ့နှစ်ခုံတွင်ထိုင်ဖြစ်သွားသည်။နောက်ကနှစ်ခုံကတော့ လူမရှိ။နေ့သစ်အတန်းထဲဝင်လာထဲက သီရိအပါအဝင် မိန်းကလေးတော်တော်များများရဲ့အကြည့်ကနေ့သစ်နောက်ကပ်ပါလျက်ရှိသည်။ကျောင်းတက် ဘဲလ်တီးသံကြားပြီး ခဏအကြာမှာဆရာဝင်လာတာနှင့် မင်္ဂလာပါဆရာ ဟုနှုတ်ဆက်ရင်းဆူညံသံတွေတိတ်ဆိတ်သွားကြသည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now