Part-6(Unicode +Zawgyi)

81 5 0
                                    

Unicode

-ဝေလင်း ညစာစားပြီးအခန်းထဲမှာPhသုံးနေတုန်း လေးလေးဆီက ဖုန်းဝင်လာသည်။

''Hello လေးလေး...''

''သားငယ်ရေ လေးလေး...ပဲခူးဖက်ကဆိုက်ထဲရောက်နေတာ...အဲ့ဒါပြန်လာဖို့အဆင်မပြေလောက်တော့ဘူး...အခုပဲမိုးချုပ်နေပြီဆိုတော့...သားငယ်တစ်ယောက်ထဲနေလို့အဆင်ပြေလား...''

''ဟုတ်ကဲ့..ကျွန်တော်အဆင်ပြေပါတယ်လေးလေး...အိမ်မှာအလုပ်သမားတွေလဲရှိတာပဲ...လေးလေးသာအလုပ်ထဲမှာဂရုစိုက်ပါ...ကျွန်တော့အတွက်မပူနဲ့လေးလေး...''

''အင်းပါ လေးလေးလဲ ဂရုစိုက်ပါ့မယ်...သားငယ်ညစာရောစားပြီးပြီလား...''

''စားပြီးပါပြီ လေးလေး...''

''ဒါဆိုလဲ စောစောအိပ်နော်...လေးလေးဖုန်းချတော့မယ်...''

''ဟုတ်ကဲ့လေးလေး...''

-ဝေလင်း ချသွားပြီဖြစ်တဲ့ ဖုန်းကို ခဏထိုင်ကြည့်နေမိသည်။ဝေလင်းသိတတ်စအရွယ်တုန်းက လေးလေးကသူတို့နဲ့အတူမနေပေမယ့်အိမ်လာရင်လဲအမြဲအဖော်ပြုပေးတတ်သည်။နောက်ပိုင်းအိမ်မှာလာနေတော့အချိန်တိုင်းနီးပါးအနားမှာဂရုစိုက်ပေးတာလဲလေးလေးပင်။LA မှာလုပ်ငန်းချဲ့ပြီးကတည်းက ဖေဖေနဲ့မေမေကမြန်မာနိုင်ငံသိပ်မပြန်ဖြစ်တော့တာမို့ ဒီမှာလူရင်းဖြစ်တဲ့လေးလေးကပဲလုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်ပေးရတော့သည်။အဲ့ဒီအချိန်ကစပြီးလေးလေးလဲ ခရီးတွေခဏခဏထွက်ရ အိမ်မပြန်နိုင်ပဲအပြင်မှာအိပ်ရတဲ့ရက်တွေများလာသည်။အခုလို လေးလေးက အလုပ်ကိစ္စတွေနဲ့ အိမ်ပြန်မအိပ်ဖြစ်တာမျိုးကဖြစ်လေ့ဖြစ်ထရှိတတ်တာမို့ ဝေလင်းအတွက်မထူးဆန်းတော့ပါ။ဝေလင်း ဖုန်းလဲဆက်မသုံးချင်တော့တာမို့ ဂစ်တာကိုယူကာ ဘေးမှန်တံခါးကနေပဲ ဝရန်တာလှေခါးကဆင်းလိုက်ပြီး ဒန်းပေါ်မှာထိုင်ကာ ဂစ်တာတီးနေလိုက်သည်။

-အချိန်က ည 8:00ဆိုတော့ ဒီချိန်ဝေလင်းထမင်းစားပြီးလောက်ပြီမို့ နေ့သစ်ချိုင့်ယူရန်ထွက်လာခဲ့သည်။ခြံရှေ့ရောက်တာနဲ့ ဦးလေးက တံခါးဖွင့်ပေးကာ

''ချိုင့်လာယူတာမလား လူလေး...ဝင်သွားလိုက်နော်...''ဟုသာပြောပြီးထွက်သွားသည်။ကြည့်ရတာ ဝေလင်း သူလာမှာကို ဦးလေးကိုမှာထားတဲ့ပုံရသည်။ခြံထဲဝင်လာရင်း ကားပါကင်မှာ ရပ်ထားတဲ့ ဆိုင်ကယ်လေးမြင်တော့ဘာရယ်မဟုတ်ပါပဲ ပြုံးလိုက်မိသည်။အိမ်ရှေ့နားရောက်တော့ ဂစ်တာသံနဲ့ အတူ စည်းချက်မှန်မှန်နဲ့ကြားနေရတဲ့သီချင်းသံလေး။အိမ်ထဲလှမ်းကြည့်တော့တစ်ယောက်မှမရှိ။နေ့သစ်သီချင်းသံကို နားစွင့်နေရင်း ကိုယ်တိုင်တောင်သတိမထားမိလိုက်ပဲ သီချင်းသံကြားရတဲ့အိမ်ဘေးဘက်သို့လျောက်လာခဲ့လိုက်သည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now