Part-14(Unicode +Zawgyi)

85 4 2
                                    

Unicode

-ဒေါ်ယဥ်မေသူကျောင်းမှာနေ့သစ်ရန်ဖြစ်၍ ရုံးခန်းရောက်နေတယ် အုပ်ထိန်းသူလာခဲ့ပေးပါဆိုသဖြင့် ရင်တထိတ်ထိတ်နဲ့ကျောင်းသို့အပြေးလာရသည်။ရုံးခန်းထဲရောက်တော့

''သား! ...မေ့သားလေးဘာဖြစ်သွားသေးလဲ...ဘယ်နားထိမိသေးလဲ...''

''သားဘာမှမဖြစ်ပါဘူးမေမေ...တောင်းပန်ပါတယ်သားကြောင့်အခုလိုတွေလိုက်လာရစေလို့...''

-နေ့သစ်စကားကိုကြားတော့ဘေးမှာရပ်နေတဲ့ ဝေလင်းခေါင်းလေးငုံ့ထားမိသည်။အဓိကတရားခံကသူမဟုတ်လား။

''နေသစ်ရဲ့မိခင်...ဒီမှာခဏလောက်လာထိုင်ပေးပါအုံး...''

-ကျောင်းအုပ်ကြီးခေါ်တော့ ဒေါ်ယဥ်မေသူခုံမှာဝင်ထိုင်ရင်း ရှေ့မှာတခြားမိဘများကိုကြည့်မိတော့ မျက်နှာမကောင်း။

''ကျောင်းသားနေ့သစ်က မနှစ်ကထဲကဒီကျောင်းမှာတက်နေတာ ဘာပြဿနာမှ မရှိပါဘူး...ကျောင်းရဲ့စံပြကျောင်းသားဆိုလဲဟုတ်ပါတယ်...ပြီးတော့ပြဿနာတက်ရတဲ့အကြောင်းရင်းကလဲ...သူငယ်ချင်းကို လေးယောက်တစ်ယောက်ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီရင်းဖြစ်တယ်လို့ကြားတယ်...ထွေထွေထူးထူးတော့မပြောချင်ပါဘူး...နောက်ထပ်မဖြစ်အောင်အုပ်ထိန်းသူတွေကိုခေါ်ပြီးသတိပေးတဲ့သဘောပါပဲ...အုပ်ထိန်းသူတွေအားလုံးကိုယ့်ကလေးကိုသေချာလေးဆုံးမပေးကြပါ...ဒီကျောင်းရဲ့ဂုဏ်သိက္ခာအတွက်လဲပြဿနာကိုဒီထပ်ပိုမကြီးစေဖို့မျှော်လင့်ပါတယ်...''

-လေးယောက်တစ်ယောက်မို့ဝင်ကူညီရင်းဖြစ်သည်ဆိုသည့်စကားကြောင့် စားပွဲဝိုင်းရဲ့တစ်ဖက်ဆီမှာရပ်နေတဲ့ သားဖြစ်သူနဲ့သူ့ငယ်ချင်းရယ် ကျန်လေးယောက်တစ်ဖွဲ့ကိုကြည့်လိုက်တော့ နေ့သစ်နှုတ်ခမ်းထောင့်မှာသွေးစို့ပြီးအညိုမဲစွဲရာတစ်ခု ဘေးကသူ့ သူငယ်ချင်းကတော့ လက်ခုံမှာပေါက်ပြဲဒက်ရာတွေကလွဲရင် တခြားပြင်ပဒဏ်ရာတော့မတွေ့။တစ်ဖက်လေးယောက်မှာတော့ မျက်နှာမှာအထိုးခံထားရလို့ ဖူးယောင်နေတဲ့နှစ်ယောက်ရယ်၊ရင်ဘတ်ကိုလက်နဲ့အုပ်ကိုင်ကာရှုံ့မဲ့နေသူနှင့်နောက်ဆုံးတစ်ယောက်ကတော့ မျက်နှာတပြင်လုံးဖူးယောင်ကာ မျက်ခုံး နှုတ်ခမ်းတွေပေါက်ပြဲနေပုံက လေးယောက်တစ်ယောက် အနိုင်ကျင့်ခံရတာလား နှစ်ယောက်က လေးယောက်ကိုအနိုင်ကျင့်ထားတာလားဝေခွဲမရ။ထိုစဥ်

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now