Part-8(Unicode +Zawgyi)

75 4 0
                                    

Unicode

-ဆိုင်သိမ်းပြီးတော့နေ့သစ်က ပန်းကန်တွေဆေးကာ သုတကဆေးပြီးသားပန်ကန်တွေကို အဝတ်သန့်သန့်နဲ့အခြောက်ပြန်သုတ်ပြီး သိမ်းလိုက်သည်။

''နေ့သစ် ပြီးပြီမလားဂိမ်းဆော့ကြမယ်လေ...''

''မင်းအိမ်မပြန်တော့ဘူးလား...ငါ့အိမ်မှာတနေ့လုံးရှိနေတာ မာမီကပိုစိတ်ဆိုးနေမယ်...''

''ဟာ အေးဆေး...မာမီကငါနည်းနည်းလေးကပ်ချွဲလိုက်တာနဲ့ စိတ်ဆိုးပြေပြီးသား...''

''အေးပါကွာ အဆင်ပြေလဲပြီးရော...ဒါပေမယ့် ငါမင်းနဲ့ဂိမ်းဆော့လို့မရသေးဘူး...သွားစရာရှိတယ်...''

''အန်တီခိုင်းထားတာလား...ဘယ်သွားရမှာလဲ...ငါလဲလိုက်ခဲ့မယ်လေ...''

''မေမေခိုင်းထားတာမဟုတ်ဘူး...ဟိုဘက်ခြံကသူငယ်ချင်းကဝယ်စရာရှိလို့...အဖော်လိုက်သွားပေးမလို့...''

''ဟိုဘက်ခြံကသူငယ်ချင်း?....မင်းသူငယ်ချင်းအသစ်ရနေတာလား...ငါ့ကိုတောင်မပြောဘူး...''

''ဟ့...ငါကသူငယ်ချင်းအသစ်ထားရင် မင်းကိုပြောရမယ်ပေါ့...ဆုတောင်းလေ...ငါဘာလုပ်လုပ်မင်းကသိချင်နေတော့တာပဲ...''

''မင်းက သစ္စာဖောက်ပဲ...သူငယ်ချင်းအရင်းကြီးကိုလျှိုထားတယ်...''

''အေး...မင်းအခုသိပြီမလား...ထပ်မရစ်နဲ့တော့နားငြီးတယ်...''

''ဟွန်း!!..မင်းသွားရင်ငါပါလိုက်မှာ...''

''မရဘူး...ငါကကိစ္စမရှိပေမဲ့ ဝေလင်းကအဆင်မပြေလောက်ဘူး... အခုတော့ဝေလင်းကိုလဲမပြောပြထားရသေးဘူး...နောက်တစ်ခေါက်မှလိုက်......''

''မင်း!!!...မင်း အခုမှရတဲ့သူငယ်ချင်းအသစ်ကိုပိုဦးစားပေးနေတာပေါ့...မင်းတော်တော် အကျင့်မကောင်းတဲ့ကောင်...''

''မင်းကလဲကွာ...မိန်းမကြီးကျနေတာပဲ...ရစ်နေတယ်..ငါ...

-တီးတောင်...တီးတောင်!!

''ဝေလင်းလာပြီထင်တယ်...ဒါလေးတွေသိမ်းပေးထားနော်...ပြီးရင်အိမ်ပြန်တော့ နောက်ရက်မှဂိမ်းတူတူဆော့ကြမယ်...ငါသွားပြီ...''

-ပြောပြီးတာနဲ့ထွက်သွားတဲ့နေ့သစ်နောက်ကို သုတလိုက်လာခဲ့သည်။

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now