Part-12(Unicode +Zawgyi)

75 3 2
                                    

Unicode

-ဝေလင်းဒီနေ့ကျောင်းကိုစောစောထွက်လာခဲ့သည်။အတန်းထဲမဝင်သေးပဲ Ecoဆောင်ရဲ့ ကော်ရစ်တာ လက်ရန်းမှာမတ်တပ်ရပ်ကာ သင်္ချာဘာသာကိုပြန်ကြည့်နေလိုက်သည်။ခဏအကြာမှာတော့ Mini Bus အဝါရောင်လေးတစ်စီးဝင်လာတာတွေ့တော့ စာအုပ်ကိုပိတ်ကာ ကားပေါ်ကဆင်းလာသူတွေကိုကြည့်နေလိုက်သည်။ရှေ့မှအသီးသီးဆင်းလာကြသူတွေရဲ့နောက်မှာတော့ သူစောင့်နေတဲ့တစ်ယောက်သောသူကဆင်းလာသည်။ဒါပေမယ့်ကားပေါ်ကိုစကားလှည့်ပြောနေရင်းမှ နောက်ကဆင်းလာတဲ့သူကနေ့သစ်ပခုံးကိုလှမ်းဖက်ကာ ရယ်မော၍စကားပြောနေကြသည်။ဝေလင်းဆက်မကြည့်ချင်တော့တာမို့ အခန်းထဲသို့လှည့်ကာဝင်လာခဲ့လိုက်သည်။

-ထုံးစံအတိုင်း ကားပေါ်မှာစနောက်လာကြရင်း သုတက အောက်ရောက်တာနဲ့နေ့သစ်ပခုံးကိုလှမ်းဖက်ကာ

''အေးပါ ဒီတစ်ခါ သီရိလာရင်မြှောက်ပေးလိုက်မယ်...နေ့သစ်ကနင်နဲ့အပြင်မှာ ဒိတ်ချင်နေပါတယ်လို့...ဟားဟား...''

''ခွေးကောင်!..မင်းအဲ့လိုပြောတဲ့တစ်နေ့ ဂူသွင်းဖို့အတွက်နေရာရှာထားလိုက်တော့...''

''အမလေးကြောက်လိုက်တာ ဒူးတွေတောင်တုန်တယ်...''

-နေ့သစ် ဆက်မပြောချင်တော့သဖြင့်ကျောင်းဆောင်ဘက်လှမ်းအကြည့် E1အခန်းထဲသို့ဝင်သွားသည့်ပုံရိပ်လေးကြောင့် ဘာရယ်မဟုတ် သူ့ပခုံးပေါ်ကသုတလက်တွေကိုဖယ်ချလိုက်တော့

''ဘာလဲ...စိတ်ဆိုးတာလား...''

''ဘာမှစိတ်မဆိုးဘူး...မင်းမလုပ်ရဲတာလဲသိပြီးသား...အပိုတွေပြောမနေနဲ့...''

-ဝေလင်းစိတ်တိုတိုနဲ့သူ့နေရာမှာသူဝင်ထိုင်လိုက်တာနဲ့ ချက်ချင်းအနားရောက်လာတဲ့လူရိပ်ကြောင့်မော့ကြည့်ကာ မျက်ခုံးတို့ကအလိုမကျစွာတွန်းချိုးသွားရသည်။

''ဟေ့ယူ...မောနင်း...''

''.....''ဝေလင်းဘာမှပြန်မပြော

''ခဏထိုင်မယ်နော်...''

-ပြောပြောဆိုဆိုနဲ့ဘေးကလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်တာက ပန်းမြတ်ခြယ်

''ယူ ဒီနေ့လာတာစောသားပဲနော်...အပြင်မှာရပ်နေတာတွေ့လို့ လာနှုတ်ဆက်မလို့ပဲ...အထဲဝင်လာတာတွေ့လို့ အပြင်ထွက်မခဲ့တော့တာ...''

You're My Everything (အရာရာမင်း)-(Ongoing) Where stories live. Discover now